ကပွဲပါတီ
ဝမ်ယန့်နိုးလာသော် ရုန်ရှောင်းက အခန်းထဲ၌ မရှိတော့ချေ။ သူတစ်ယောက်တည်းသာ အိပ်ရာထဲတွင် ခန်းဆီးများက ချထားဆဲ ရှိနေသည်ကိုတွေ့ရ၏။
နိုးကြားသွားအောင် သူ့ကိုယ်သူ ပါးနှစ်ချက်မျှ ရိုက်ပြီး အချိန်ကိုကြည့်လိုက်သော် လေးနာရီထိုးခါးနီးပြီကို သိလိုက်ရသည်။ ချက်ချင်းပင် စောင်ကိုကန်ချကာ အောက်ထပ်သို့ အပြေးအလွှားဆင်းသွားတော့သည်။
ဒုတိယထပ်တွင် ရုန်ရှောင်းအား ထိုင်နေကျနေရာတွင် ထိုင်ကာ စာအုပ်ဖတ်နေသည်ကို တွေ့ရသည်။ သူ့အနောက်တွင်မူ ဖူးပွင့်ဝေဆာမှုများဖြင့်ပြည့်လျက်ရှိသော ခြံဝန်းရှိကာ အိမ်တော်ထိန်းသည် ပန်းအိုးထဲရှိပန်းများကို လဲလှယ်နေသည်။ အိမ်တော်ထိန်းသည် ဝမ်ယန့်ဆင်းလာသည်ကို သတိပြုမိသော် သူ့အားပြုံးပြလာသည်။
အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသည်။
ဝမ်ယန့်က စိတ်သက်သာရာရသွားသဖြင့် သက်ပြင်းချကာ သူ့ခြေလှမ်းများကို ရုန်ရှောင်းဆီသို့ အမြန်လျှောက်လှမ်းသွား၏။
‘’ ခင်ဗျား ဒဏ်ရာ သက်သာလာပြီလား?’’
သူမေးရင်းနှင့် ရုန်ရှောင်း၏အင်္ကျီအားမတင်ကာ စစ်ဆေးကြည့်သည်။ ရုန်ရှောင်း၏ ဝမ်းဗိုက်တွင် ယခင်ကသွေးထွက်ဖူးသည့် အရိပ်အယောင်ပင်မရှိတော့ဘဲ ပုံမှန်ပြန်ဖြစ်သွားပြီကို သူတွေ့ရသည်။
ရုန်ရှောင်းက သူ့လက်အား အဝေးသို့ရိုက်ချလိုက်သည်။
‘’ကောင်းသွားပြီ။ မထိနဲ့တော့''
သူ့ပုံစံက စားပြီးနားမလည် ဝါးပြီးထွေးပစ်လုပ်သော ဆန်ကုန်မြေလေး လူယုတ်မာလိုပင်။
ဝမ်ယန့်မှာ သက်ပြင်းနှစ်ခါမျှချလိုက်ရင်း သူ့အား အာရုံမစိုက်တော့ဘဲ လှည့်ထွက်လာကာ အိမ်တော်ထိန်းဆီသို့သွားပြီး နေ့လည်ခင်းလက်ဖက်ရည်နှင့် ပြင်သစ်မုန့်ချိုအား တောင်းဆိုလိုက်၏။
ရုန်ရှောင်းထံ၌ လုပ်စရာမရှိတော့သည်မို့ ဝမ်ယန့်သည် နေ့လည်ခင်းလက်ဖက်ရည် သောက်ပြီးနောက် အိမ်ပြန်ဖို့ အဝတ်အစားထုပ်ပိုး သိမ်းဆည်းတော့သည်။
YOU ARE READING
တလောကလုံးကငါ့ကိုကွာရှင်းစေချင်ကြတယ်(ဘာသာပြန်)
Romanceစာရေးသူ : ထင်းရှုးသီးစေ့လက်ဖက်ရည် အမျိုးအစား : Fantasy, Romance,Slice of life,Supernatural,Yaoi