Ep 11 (uni)

6.4K 392 37
                                    

စိတ်၏စိုးရိမ်ပူပန်မှုကြောင့် အလျင်စလိုမောင်းလာမိသည်မှာ ဆေးရုံကိုဘယ်သို့ဘယ်ပုံရောက်လာလိုက်သည်ပင်မသိ။ အသေးလေးမှာလည်း ခဏတွင်းချင်း ဖျော့တော့သွားတာ သွေးမရှိတော့သလို။  ချွေးစေးတွေပြန်နေတဲ့လက်မှာလည်း သင်္ခလက်ကိုအားကိုးတကြီးဆုပ်ကိုင်ထားရှာသည်။ နာကျင်မှုကြောင့် မျက်နှာလေးမဲ့နေကာ အသံတိုးတိုးလေးပင်မထွက်တော့ပဲ နာကျင်တာကိုအံကြိတ်ပြီး သည်းခံနေ၏။

"ရောက်ပြီနော်အသေးလေး... ခဏနော်ကိုယ်ချီမယ်"

ကားပေါ်မှာအမြန်ဆင်းကာ တစ်ဖက်ကအသေးလေးဆီအမြန်သွားပွေ့ချီရင်း ဆေးရုံထဲသို့အလောစလျင်၀င်လာလိုက်၏။

"ဆရာမ ! ဆရာမ! လူနာကြည့်ပေးပါ လူနာ! "

သူ့ပုံကိုကြည့်၍ ဆရာမလေးတွေလည်း ချက်ချင်းပြာယာခတ်သွားကြသည်။

"လူနာရှင်စိတ်အေးအေးထားနော် ဒီဘက်အခန်းမှာလူနာကိုတင်လိုက်နော်...ဘာဖြစ်တာလဲဆိုတာ ပြောပြပါ"

"ရုတ်တရက်ကြီးဗိုက်နာလာတယ်လို့ပြောပြီး သွေးတွေထွက်လာတာပါဆရာမ၊ အမြန်ကြည့်ပေးပါ "

ဆရာမလေးက အသေးလေးဗိုက်အားလှန်ကာ သေချာစမ်းသပ်ပြီးနောက်

"အရမ်းနာနေလား ဆရာမ ဆေးတစ်လုံးထိုးပေးမယ်နော်"

"ဟုတ်"

"ဓမ္မတာဖြစ်တာ ပထမဆုံးအကြိမ်လား"

ဆရာမအမေးကြောင့် သင်္ခရော အသေးလေးရော
ပြူးကြောင်ကာ ဘာမှမဖြေနိုင်ပဲဖြစ်သွား၏။ ခဏနေတော့ အသေးလေးက' ဟုတ်ပါတယ်' ဟု ခပ်တိုးတိုးလေးပြန်ဖြေလေသည်။

"ဟို ကျွန်တော် ဆရာမနဲ့ သီးသန့်ပြောပြချင်တာရှိပါတယ်"

သင်္ခစကားအဆုံး ဆရာမက သဘောပေါက်စွာ
ဆရာမလေးတစ်ယောက်အား ဆေးထိုးဖို့ရန်ညွှန်ကြားပြီး‌နောက် တစ်ဖက်အခန်းဆီသို့ ဆွေးနွေးဖို့ရန်စီစဉ်ပေး၏။

သီးသန့်ခန်းဆီရောက်သောအခါ သင်္ခစိတ်တွေလှုပ်ရှားဖြင့်

"ဆရာမ တကယ်တော့ ကျွန်တော့်အမျိုးသမီးက
ဒွိလိင်ပါ"

"ဒွိလိင်...!"

"ဟုတ်ပါတယ် အဲ့ဒါကြောင့် ကျွန်တော်တို့အခုအခြေအနေကို သေချာနားလည်ဖို့လိုနေပါတယ် ၊
အခု အသေးလေးက ဘာရောဂါကြီးကြီးမားမားမှ
ဖြစ်နေတာမဟုတ်ဘူးမလား"

ရှုမငြီးတဲ့ ချစ်ဇနီးလေးWhere stories live. Discover now