Chapter 144
ဖြေရှင်းနည်းရှိသည်ဟု ကြားသောအခါ ကျိုးရွှမ်လန်၏ အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။
"ဘာနည်းလမ်းလဲ.."."နတ်ဆိုးသန့်စင်ခြင်း..."
ရှန်းလျိုရှန့်က သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။
"တကယ်တော့ နတ်ဆိုးသန့်စင်ခြင်းက နတ်ဆိုးသားရဲကို ပိတ်လှောင်ထားနိုင်ရုံတင်မကပဲ ဝိညာဉ်ကိုပါ သတ်နိုင်တယ်...ဒါက သန့်စင်နည်း အပြည့်အစုံပဲ...ဒါပေမဲ့ ငါ့ရဲ့ ကျင့်ကြံဆင့်က မလုံလောက်လို့ နှလုံးသားအကျဉ်းထောင်ထဲမှာ ပိတ်ထားတာထိပဲ လုပ်နိုင်တယ်..."ကျိုးရွှမ်လန်က ခပ်ဖြေဖြေး လက်ပြန်ရုတ်လိုက်သည်။
"ရှစ်စွမ်းပြောချင်တာက နတ်ဆိုးသန့်စင်ခြင်းနည်းစနစ်ရဲ့ နောက်ဆုံးအဆင့်က စွမ်းအားလုံလောက်ရင် သားရဲနတ်ဆိုးရဲ့ ဝိညာဉ်ကို အပြည့်အဝသန့်စင်နိုင်တယ်ပေါ့..."ရှန်းလျိုရှန့်က ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ ချုန်းချီရဲ့ ဝိညာဉ်ကို သန့်စင်တာက ကောင်းကင်ဘုံကို တက်ရသလိုပဲ ခက်ခဲတယ်...ဘယ်သူ့ရဲ့ဝိညာဉ်ကမှ ချုန်းချီထက်ပိုပြီး စွမ်းအားကြီးပြီး ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး..."ကျိုးရွှမ်လန်က ချက်ချင်းပြောလာသည်။
"ကျွန်တော်လုပ်နိုင်လောက်တယ်..."ရှန်းလျိုရှန့် နှလုံးသားက ရုတ်တရက် တုန်ယင်သွားကာ ပါးစပ်ဖွင့်လိုက်သော်ငြား လည်ချောင်းထဲမှ စကားလုံးတစ်လုံးမျှထွက်မလာခဲ့ချေ။
ကျိုးရွှမ်လန်က သူ့အမူအရာအနည်းငယ် ပြောင်းလဲသွားသည်ကို တွေ့သောအခါ တစ်ခုခုမှားနေသည်ဟု ခံစားမိလာသည်။
"ဘာဖြစ်လို့လဲ...ရှစ်စွမ်း ကျွန်တော့်ကို မယုံတာလား...ဒါမှမဟုတ် ချုန်းချီရဲ့ ဝိညာဉ်ကို သန့်စင်တာမှာ တစ်ခြားဆိုးကျိုးတွေရှိနေလို့လား...""အန္တရာယ်မရှိပါဘူး..."
ရှန်းလျိုရှန့်က လျှာကိုကိုက်၍ အမူအရာကို ပုံမှန်ပြန်ပြောင်းလိုက်သည်။
"ငါက မင်းမသန့်စင်နိုင်မှာ စိုးရိမ်လို့ပါ...အဲဒါဆို အချိန်ဖြုန်းသလို ဖြစ်သွားမှာစိုးလို့..."ကျိုးရွှမ်လန်က မျက်မှောင်ကြုတ်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် သံသယအကြည့်တစ်ခုရှိနေကာ စကားတစ်လုံးမျှ ပြန်မဖြေလာပေ။
![](https://img.wattpad.com/cover/352029929-288-k268155.jpg)