လပြည့်ကို အားနဲ့ဆွဲခေါ်သွားတာမို့ လက်ကောက်၀တ်နာသွားသော်လည်း မရုန်းရဲပေ။ သူ့ခြေလှမ်းတွေနဲ့အမှီလှေကားထစ်တွေခလုတ်တိုက်မတတ်လိုက်ခဲ့ပြီးနောက်
အခန်းထဲရောက်တာနှင့် တံခါးကိုအကျယ်ကြီးပိတ်ပစ်၏။ဒုန်း!
လပြည့်ကိုယ်လေး ဆတ်ခနဲတုန်သွားသော်လည်း ရှိုက်သံတောင်မထွက်ရဲ။ ဖေကြီးတို့နဲ့နေတုန်းကတောင် တစ်ခါမှခုလိုအဆူမခံခဲ့ရဖူးတာမို့ ကြောက်လဲကြောက်သလို ၀မ်းနည်းအားငယ်နေမိသည်။
"မင်းကိုငါဘာလုပ်ရသေးလို့ ငိုနေတာလဲ!"
"ဟင့်...ဟင့်အင်း"
"ပြောစမ်းပါအုံး မွေးနေ့ပွဲသွားမဲ့ကိစ္စ ဘာကိစ္စပြောမသွားတာလဲ"
သင်္ခမေးတာကို မျက်နှာလေးမဲ့လျက် ခေါင်းယမ်းပြ၏။
မသိရင် သူကပဲလူဆိုးကြီး ကျနေတာပဲ...။
သူတို့လုပ်တာကရော ကောင်းလား!"ပြော မင်းကျောင်းတက်တာမကြာသေးဘူး ခုလိုကျောင်းလစ်တတ်နေရင် နောက် ငါမင်းကိုဘယ်လိုစိတ်ချပြီးလွှတ်ရမလဲ"
"ဟင့်...လ...လပြည့် နောက်မလုပ်တော့ပါဘူး"
"ဘယ်လိုယုံရမှာလဲ... ခုတောင် မင်း ကိုယ့်ကိုပြောသွားလို့လား ၊ ဟေမာန်...အဲ့ကလေးမက အရင်ကတည်းကအပေါင်းအသင်းမက်တယ် သူမပြောရင်တောင် မင်းက ကိုယ့်ကိုပြောရမှာမဟုတ်ဘူးလား။ ဘာလဲ ကိုယ်က မင်းအိမ်ထောင်ဦးစီးအနေနဲ့တောင် လူရာမ၀င်ဘူးလား"
"ဟင့်အင်း... အဲ့လိုမဟုတ်ပါဘူး အီး....ဟီး..."
လပြည့်တကယ်အဲ့လိုသဘောနဲ့ မပြောသွားတာမဟုတ်ပါဘူး။ အခုကိစ္စမှာ လပြည့်က သူ့ကိုမလေးစားသလိုဖြစ်သွားတာပြန်တွေးမိတော့ ပိုငိုချင်လာ၏။ ၀မ်းနည်းစိတ်ကလွဲ ရင်ထဲမှာဘာမှမရှိတော့။ ပြီးတော့ သူ့စိတ်ထဲမှာ လပြည့်ကို ယောင်္ကျားလေးတွေနဲ့ တွဲသွားတွဲလာလုပ်တယ်ထင်ပြီး အထင်သေးသွားမှာလဲစိုးရိမ်သည်။
ဒီလိုမှန်းသာသိရင် အစကတည်းက လိုက်မသွားခဲ့ပါဘူး ခုတော့ ၀မ်းနည်းစိတ်ထက် အပြစ်ရှိစိတ်က
ပိုကြီးစိုးနေ၏။ဘာမှတောင်မပြောရသေး ရှိုက်ကြီးတငင် ငိုချလာသူအားကြည့်ကာ သင်္ခသက်ပြင်းချလိုက်မိတော့သည်။ အမှားလုပ်ထားတာ သူကို အခု ကိုယ်ကပြန်ချော့ရမဲ့အနေအထား...။
![](https://img.wattpad.com/cover/375479223-288-k379344.jpg)
YOU ARE READING
ရှုမငြီးတဲ့ ချစ်ဇနီးလေး (Complete)
Romanceintersex (ဒွိလိင်) married life ❣️ သင်္ခနှိုင်းမာန်❤️လပြည့်ဦးသာ ရည်းစားမဖြစ်ပဲတန်းယူလိုက်ရတဲ့အတွဲလေးပါ