Part-1

3.1K 147 21
                                    

စက်တင်ဘာလရဲ့မိုးဟာအဆက်မပြတ်ရွာသွန်းခဲ့ရာမှ လကုန်ခါနီးတစ်ရက်တွင် နေအလွန်သာနေသည်။ တစ်နေကုန်နေသာသောကြောင့် ညနေခင်းကောင်းကင်ကြီးဟာ အနီရောင်သမ်းလျက် နေ့တစ်နေ့ကို နူတ်ဆက်လေသည်။

ညနေခင်းအချိန်၌ ကျူးကျော်ရပ်ကွက်ထဲသို့ အနက်ရောင်ပြိုင်ကားတစ်စီးနျင့်အတူနောက်လိုက်ကားနှစ်စီးဟာ ရွံ့ဗွက်များကိုဖြတ်ကျော်ရင်း ထရံကာအိမ်တစ်လုံးရှေ့၌ ဝုန်းခနဲထိုးရပ်သွားသည်။ ထိုအချိန်မှာပဲ လူလေးငါးယောက်က အိမ်ထဲသို့စီးနင်းကာ ဝင်ရောက်လာကြ၏။

အိမ်ထဲ၌ အသံများဆူညံသွားသောကြောင့် ဘေးအိမ်ကလူများက ပေါ်တင်ထွက်မကြည့်ရဲသော်လည်း အိမ်ပြတင်းပေါက်ကနေလှမ်းကြည့်နေကြသည်။ ထိုအချိန်မှာ အိမ်ထဲက အဒေါ်ကြီးရဲ့အသံကို ကြားနေရသည်။

"ခဏလောက်သည်းခံပေးပါကွယ် တစ်ပတ်လောက်နေရင် အတိုးလေးမှန်အောင်ပေးပါ့မယ်"

အဒေါ်ကြီးရဲ့စကားသံကို လူတစ်စုကဂရုစိုက်ဟန်မတူပါ။

"ဒီအဒေါ်ကြီး လျှာကိုရှည်တယ်။ ခင်ဗျားယူထားတဲ့အကြွေးက စျေးဝယ်ပေးတဲ့အကြွေးမဟုတ်ဘူး။ ချီးပဲ... ဒီအဒေါ်ဦးနောက်ပျက်သွားပြီထင်တယ်။ ခင်ဗျားယူထားတဲ့အကြွေးက အတိုးနဲ့ပါဆိုရင် သိန်းတစ်ထောင်နဲ့မှ တစ်ရာကျော်တယ်"

"အို...ကျွန်မယောကျ်ားယူထားတာပါ။ ကျွန်မက အဲ့လောက်ကြီးများတဲ့ငွေကို မယူရဲပါဘူး"

"ဟာ...ဒီအဒေါ်ကြီး..အသက်ကြီးနေလို့နော်။မဟုတ်ရင် ငါ့လက်စာမိမယ်။ ဒီအကြွေးတွေကို မသေခင်ဆပ်သွားနိုင်ပါ့မလား"

ခွမ်း!

ဂလွမ်း!

ထိုအချိန်တွင် ဘယ်အချိန်က ဝင်လာမှန်းမသိသည့် လူတစ်ယောက်က တံခါးအဝင်ဝနားက ပန်းအိုးအား နံရံနှင့်ပစ်ပေါက်လိုက်သည်။ ထိုအသံကြောင်း အားလုံးပြူးပြူးပြာပြာဖြစ်သွားကြသည်။ ထိုလူဟာ ခုံတစ်လုံးအားဆွဲယူပြီး ခြေချိတ်ကာ ထိုင်လိုက်ပြီး အဒေါ်ကြီးရဲ့မျက်နှာကို စေ့စေ့ကြည့်လိုက်သည်။

"မင်းတို့ကောင်တွေကို ငါဘာပြောထားလဲ။ စောက်သုံးမကျတဲ့ဟာတွေ... ပိုက်ဆံမရရင် ရှိတဲ့ဟာ သိမ်းယူလို့မပြောဘူးလား။ ဦးနှောက်မရှိကြတဲ့ဟာတွေ"

Breaking Down Where stories live. Discover now