Part-12

646 53 4
                                    

နံနက် ၁၁နာရီအချိန်မှ သူအိပ်ရာကထလာခဲ့သည်။ မနက်တုန်းက သူမသိလိုက်ဘဲ ကောင်လေးရဲ့ခန္ဓာကိုယ်နှင့် သူအသာဖြေခဲ့သည်။ သူပြန်နိုးလာသည့်အခါကျတော့ ကောင်ကင်ကလင်းပြီး ရာသီဥတုသာယာနေ၏။ သူကောင်းကောင်းအိပ်ခဲ့ရ၍လားမသိ စိတ်ထဲတွင်ကြည်လင်နေသည်။

စီးကရက်လိပ်ကို ဒီတစ်ကြိမ်ပထမဆုံးသူမသောက်မိတော့ဘဲ ရေချိုးရန်ရေချိုးခန်းထဲဝင်သွားသည်။ ရေချိုးနေရင်း မနက်က အဖြစ်အပျက်တွေပြန်မြင်ယောင်မိတော့ စိတ်ထဲတွင် မသက်မသာဖြစ်သွားရ၏။ လိင်ကိစ္စအများကြီး သူလုပ်ဖူးသော်လည်း ယောကျ်ားလေးတစ်ယောက်ကြောင့် စိတ်ကျေနပ်မှုမရခဲ့ဖူး။

သူ့စိတ်တွေထူးခြားနေသည်။ ထိုကောင်လေးဖြစ်နေ၍ လား။ ဒါမှမဟုတ် သူ့စိတ်တွေက ယောကျ်ားလေးများအပေါ် ဖောက်ပြန်နေသလား မသိ။ ရေချိုးနေရင်း စိတ်ရှုပ်ထွေးလာသောကြောင့် အမြန်လက်စသတ်လိုက်သည်။ ရေချိုးခန်းက အထွက် အခန်းတွင် ဓားခုတ်ကောင်က အသင့်စောင့်နေ၏။

"Boss ဒီရက်နောက်ကျတယ်။ ဒါကြောင့် ကျုပ်က အချိန်ရွေ့ထားလိုက်တယ်"

ဓားခုတ်ကောင်လာပြောမှ ဒီနေ့ သူ့ကာစီနိုရုံပြန်ဆောက်ဖို့ အစည်းအဝေးလည်းလုပ်ရဦးမည်ဆိုတာသတိရသွားတော့၏။ ဆောက်လုပ်ရေးအဖွဲ့နှင့် တွေ့ဆုံပြီးလျှင် တောထဲတွင် လုပ်ငန်းတစ်ခုရှိနေသေးသည်။ အဝတ်အစားကို သေချာရွေးဝတ်ပြီး မှန်ရှေ့၌ရပ်လိုက်၏။

မျက်လုံး၊မျက်ခုံး၊ နှာခေါင်းနှင့်မျက်နှာပေါက်ကအစ ထင်ရှားသူဖြစ်၍ နောရင်းဆိုလိုက်သည်နှင့် နူတ်ခမ်းနီမလေးတွေကြားတွင် နာမည်ကြီးသူဖြစ်သည်။ နောရင်းအနားကပ်လာကြသူရဲ့ တစ်ညတာငွေက နည်းသည်မဟုတ်။

"ဒီရှေ့ဆက် သတိထားရမှာမို့ လူတွေကို ပိုပိုလိုလို အယောက်၂၀လောက် အသင့်လုပ်ခိုင်းထားတယ်"

"အင်း... ဆောက်လုပ်ရေးအဖွဲ့နဲ့ မင်းတွေ့လိုက် ငါက တစ်ခြားဂိုဏ်းတစ်ခုနဲ့ တွေ့စရာရှိတယ်"

"ဒီလိုပြောတာမဟုတ်ဘူး Boss...ဆောက်လုပ်ရေးအဖွဲ့နဲ့ကျုပ်သွားတွေ့လိုက်မယ်။ ပြီးမှ တောထဲအတူဝင်ကြတာပေါ့။ Bossအနားမှာ ကျုပ်ရှိမှဖြစ်မှာ..."

Breaking Down Where stories live. Discover now