Part-8

660 72 21
                                    

"သစ်ထူး!...ပြောစကားနားမထောင်ရင် အိမ်ပေါ်ကဆင်း"

မြန်မာရုပ်ရှင်ထဲအတိုင်း သားဖြစ်သူက စကားနားမထောင်လျှင် ထိုသို့နှင်ချတတ်သည့် မိဘတွေ သစ်ထူးမှာရှိသည်။

"အမေတို့အိမ်က ဆင်းစရာလှေခါးတောင်မရှိပါဘူး။ ဒီအတိုင်း ဂိုဏ်းတစ်ခုမှာ သွားနေလိုက်မယ်"

မိဘတွေဖြစ်သူက သူ့စကားကိုဂရုမစိုက် အမေကပိုဆိုးသည်။ အမေ့မှာ အိမ်ထောင်ဆက်လည်းအတော်များခဲ့၏။ ထိုင်းမှာ အလုပ်သွားလုပ်ရင်း ပထမဆုံးအိမ်ထောင်ကျခဲ့သည်။ ကလေးတစ်ယောက်မွေးခဲ့ပြီး ထိုအခြေအနေတုန်းက မကျွေးမွေးနိုင်၍ ပစ်ထားခဲ့သည်ဟုဆိုသည်။

ထိုလူက သူ့ရဲ့ အမေတူအဖေကွဲအစ်ကိုပေါ့။ အမေတို့က ထိုကလေးကို နှစ်အတော်ကြာမှပြန်ရှာခဲ့သည်ဟုဆိုသည်။ သို့သော်လည်း မွေးစားဖို့ပေးသည့် အဒေါ်ကြီးကဆုံးသွား၍ ကလေးရဲ့အစအနတောင်ရှာမတွေ့ခဲ့ပါဘူး။

သစ်ထူးကတော့ အမေရဲ့ တတိယအိမ်ထောင်မှ ရတဲ့ကလေးပါ။ အရင်ကယောကျ်ားနှင့် ကလေးမရနိုင်၍ စွန့်ပစ်ခံရသည့် ကလေးနေရာမှာ သစ်ထူးက အစားထိုးခံရသလို ခံစားရသည်။

"ဆင်းသွားလေ...ဘိန်းစားဂိုဏ်းတွေများသလားပဲ။ ပြောမရဆိုမရတဲ့အကောင်...တစ်နေ့တစ်နေ့အိမ်မှာနေပြီး ဘာမှမလုပ်ဘူး"

အမေဖြစ်သူက သူ့အခန်းထဲထိလိုက်ပြီး အဝတ်အစားများသိမ်းနေသည့် သူ့ကိုအားမရစွာ လိုက်ပြောနေသည်။ အဖေက ဖားအံမှိုင်းတွင်းသူဌေးဖြစ်သော်လည်း သူ့ကိုမချစ်ပါ။ မချစ်ရသည့်အကြောင်းအရင်းလည်း မြောက်များစွာရှိ၏။

အမေဟာ ယောကျာ်းများသူဖြစ်သလို အဖေ့ကိုချစ်၍ ယူထားခြင်းမဟုတ်ဘဲ သူဌေးဖြစ်နေ၍ ယူထားခြင်းသာဖြစ်သည်။ ထိုအကြောင်းတွေကြောင့် အဖေရဲ့အမုန်းတရားတွေက သူ့ဆီတွင်ပုံကျနေသည်။

အသက် ၁၇နှစ်ပြည့်ပြီဖြစ်သည့်သူကလည်း အိမ်ပေါ်ကဆင်းရန် နေ့တိုင်းစဥ်းစားနေသည်။ အခုတော့ သူ့အထုတ်ယူပြီး အိမ်ပေါ်ကဆင်းခဲ့လိုက်သည်။ အိမ်အောက်၌ ထိုးရပ်ထားသည့် ဆိုင်ကယ်ကို ဦးတည်ရာမောင်းနှင်လိုက်သည်။

Breaking Down Where stories live. Discover now