Part-10

629 56 19
                                    

လောင်းကစားရုံ အနီးတဝှိုက် ရုရှားမာဖီးယားဂိုဏ်းဝင်များ နေရာအသီးသီးလုံခြုံရေးယူထား၏။ ဒီနေရာသည် မာဖီးယားနှင့် သူဌေးသူကြွယ်ကြား နာမည်ကြီးသည့် ကာစီနိုရုံဖြစ်သည်။

ဒီနေ့လုံခြုံရေးက အရင်ရက်ထက်ပိုပြီး များနေ၏။ ရုခ်ရဲ့ဘေးတွင် သူရဲ့မယားငယ်နှင့် မိန်းမလှများခြံရံထားသည်။ ရုခ်ဟာ နောရင်းနှင့် မဟာမိတ်ဆွေဖြစ်နေ၍ နောရင်း၏နယ်မြေ၌ လွတ်လပ်စွာသွားလာခွင့်ရှိသူဖြစ်၏။

"czar..."

ထိုနာမည်ခေါ်သံကြားသည်နှင့် ရုခ်က တံခါးပေါက်ဝဆီကိုလှည့်ကြည့်လာသည်။ czarဆိုသည့်နာမည်က ရုခ်ရဲ့နောက်ထပ်နာမည်ပြောင်တစ်ခုဖြစ်၏။

"Hi...နေကောင်းလား။ သူဌေးကြီး ပီလာ"

ထိုလူက ထိုင်းနိုင်ငံရဲ့ မျိုးရိုးစဥ်ဆက်ချမ်းသာလာသည့် လူဖြစ်နေ၍ ရုခ်က လိုက်လိုက်လှဲလှဲ လက်ကမ်းကြိုနေ၏။ ဒီလိုကြိုနေမှ ဒီနိုင်ငံမှာ စိတ်ကြိုက်ရောင်းဝယ်ခွင့်ရမည်မဟုတ်လား။

"ဒီဝိုင်းမှာထိုင်မယ်... ပိုက်ဆံတွေကို ဒေါ်လာအဖြစ်လှယ်ခဲ့"

ပီလာဟာ သူ့ရဲ့ကိုယ်ရံတော်ကိုတီးတိုးပြောရင်း ရုခ်နှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်၏။ သူတို့ဝိုင်းကို တော်ရုံလူတွေ မလာရဲကြပါ။ ဇရှိလို့ စမ်းချင်ကြသည့်လူများတွေ အိမ်တွေခြံတွေအကုန်ပါသွား၏။ ပိုင်ဆိုင်မှုနည်းသည့်လူများကတော့ သူတို့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြတ်ရောင်းခံရသည်။

မာဖီးယား၊အာဏာရှင်နှင့် သူဌေးသူကြွယ်တို့ရဲ့ လောင်းစကားဝိုင်းဟာ တန်ရာတန်ကြေးများလွန်းလှသည်။ ပိုက်ဆံ၊ရွှေ၊ငွေနှင့် ကစားရတာပျင်းလာသည့်အခါ သူတို့အနားခစားကြသည့် လူများကိုလောင်းကြေးထပ်ကြ၏။

"အကိုပီလာ...ဒီနေ့ စိတ်ကြည်နေတယ်ထင်ရဲ့... ကျုပ်ရဲ့ဝိုင်းမှာ လာထိုင်တယ်ဆိုတော့"

ပီလာဟာ လောင်းကစားကျွမ်းကျင်သူမဟုတ်။ ထို့ကြောင့် အချိန်ပြည့်ရှူံးသည့်လူဖြစ်သည်။

"czar ဆိုတာ ဒီလောင်းကစားရုံရဲ့ဘုရင်လို့ကြားထားတယ်။ နိုင်ဖို့ စိတ်မရှိပေမယ့် တစ်ခါလောက်ပြိုင်ချင်လို့"

Breaking Down Where stories live. Discover now