"Boss ရေချိုးဖို့အတွက် ရေနွေးစပ်ပေးထားပါတယ်"
"မလိုဘူး။ ရေအေးနဲ့ချိုးချင်တယ်"
"ပြန်ပြီးပြင်ဆင်ထားလိုက်ပါမယ်"
အနားယူဖို့ အခန်းသို့တက်သွားသည့်အခါ အိမ်ထဲရှိအခြွေအရံများက သန့်ရှင်းရေးလုပ်သူများကရပ်တန့်ပြီး သူ့အားဦးညွတ်ကြသည်။ တချို့က ဒီတစ်ခါ ပါလာသည့်မိန်းကလေးကို စိတ်ဝင်စားနေကြ၏။
အိမ်ထဲတွင် နှစ်ရက်ထက်အတင်မခံကြသည့်မိန်းကလေးတွေ ရှိခဲ့သည်။ အခုရောက်လာသည့် ရိုးရိုးယဥ်ယဥ်ကောင်မလေးကရော ဘယ်နှစ်ရက်နေပြီး အိမ်ပေါ်ကဆင်းသွားရမည်နည်း။
"ကြီးကြီး... ကောင်မလေးက သနားကမားနဲ့ ချစ်စရာကောင်းလိုက်တာနော်"
"အင်း...ဟုတ်ပါ့ ကြည့်ရတာ ဆင်းရဲတဲ့မိသားစုကထင်တယ်။ ဝတ်ထားတဲ့အဝတ်က မျက်နှာနဲ့ကိုမလိုက်ဘူး"
"ဟုတ်တယ် ဒီတစ်ခါ သူဌေးလေးက မိန်းမအတည်တကျယူရင်သိပ်ကောင်းမယ်။ လင်းလက်ကတော့ အိမ်ပေါ်ခေါ်ခေါ်တင်လာတဲ့ ကောင်မလေးတွေရဲ့ ဝေယျာဝစ္စလုပ်ရတာပင်ပန်းနေပြီ"
"ဟင်း...ဒီကလေးမ စကားကြည့်ပြော အလုပ်ထုတ်ခံရမယ်"
အိမ်အကူနှစ်ယောက်ရဲ့တီးတိုးဆိုသံကို အခန်းထဲဝင်သွားပြီဖြစ်သည့်သူကတော့ မကြားလိုက်ပါ။ တစ်ညလုံးကားစီးကာပင်ပန်းလာသောကြောင့် ရေအေးအေးလောင်းချိုးကာ သူအနားယူနေသည်။ ထိုအချိန်တွင်ပဲ တံခါးခေါက်သံကြားရ၍ အထဲဝင်လာခိုင်း၏။
"ဝင်လာခဲ့"
ဝင်လာသည့်လူကိုကြည့်ပြီး သူမျက်ခုံးပင့်သွားသည်။ ဒီအချိန်ဆို မနက်စာလာပို့သည်ဟုသာထင်မိသွား၏။ သို့သော် တံခါးဝရောက်နေသည့်သူက သူ့ရဲ့တစ်ဦးတည်းသော ညာလက်ရုံးကိုယ်ရံတော် ဓားခုတ်ကောင်ဟု အမည်ပြောင်ရှိသည့်လူဖြစ်၏။ သူ့အရှေ့တွင်ခြေစုံရပ်ကာ အရင်ဆုံးဦးညွတ်လိုက်သည်။
ဓားခုတ်ကောင်က စူးရှသည့်အကြည့်ဖြင့်ထင်ရှားကာ ရုပ်ရည်မှာလည်း အလွန်ချောမောတည်ကြည်သူဖြစ်သည်။ စကားနည်းသလို ကိုယ်ခံပညာကျွမ်းကျင်သူဖြစ်သည်။
YOU ARE READING
Breaking Down
General Fictionအကြွေးရှင်ဖြစ်သူဟာ အကြွေးယူထားသည့်လူဆီက သမီးကိုသိမ်းလိုက်သည်။ သို့သော် သူသိမ်းလိုက်သည့် မိန်းကလေးဟာ.......မိန်းကလေးမဟုတ်ဘဲ ယောကျ်ားလေးဖြစ်သောအခါ....။ Starting -10.2.2024 Ending -