Part-13

449 49 2
                                    

ပျံလွှားဂိုဏ်းကြောင့် ပျက်စီးသွားသည့် သူ့ရဲ့ကာစီနိုရုံကို ပြန်လည်ပြုပြင်ဖို့နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာနှင့် အစည်းအဝေးထိုင်ပြီးသည့်အချိန် နေ့လယ် ၁၂နာရီကျော်နေပြီဖြစ်သည်။ နံနက်စာလည်း ဘာမှမစားလားခဲ့သောကြောင့် ဗိုက်ထဲ၌ တဂွီဂွီအော်မြည်နေသည်။

"ဓားခုတ်ကောင်... နေ့လယ်စာစားဖို့ ဆိုင်တစ်ဆိုင်ကိုမောင်းလိုက်"

သူ့စကားကြောင့် ဓားခုတ်ကောင်ကိုယ်တိုင် ကားဒါရိုက်ဘာနေရာ၌ဝင်ထိုင်ပြီး နာမည်ကြီးသည့် အကောင်းစား စားသောက်ဆိုင်သို့ဦးတည်လာတော့သည်။ ဆိုင်အရှေ့တွင် သူ့ကားထိုးရပ်သည်နှင့် ဝန်ထမ်းနှစ်ယောက်က အပြေးလာကာ ကားတံခါးဖွင့်ပေးသည်။

နောရင်းဆိုသည့် မာဖီးယားခေါင်းဆောင်ကို ဒီနယ်တစ်ဝှိုက်တွင် မသိသူမရှိ။ ဒီနယ်က စီးပွားရေးကို ချုပ်ကိုင်ထားရုံမက လူမှုရေးနယ်ပယ်မှာလည်းနာမည်ကြီးသူဖြစ်သည်။

"သူဌေးလေး...ဆိုင်ထဲဝင်ပါ..."

ဒီနားတစ်ဝှိုက်ဆိုင်ကြီးကအစ၊ လမ်းဘေးစျေးသည်ဆုံး သူ့လက်အောက်တွင်ရှိသည်။ သူ့ဆီတွင်အခွန်ဆောင်ပြီးမှ ဒီနေရာတွင်စျေးရောင်း၊ ဆိုင်ခင်းခွင့်ရ၏။ သူဝင်လာသည့်ဆိုင်မှန်သမျှ အကောင်းဆုံးသောဟင်းလျှာကိုသာ ဆိုင်ရှင်ဖက်က ပြင်ဆင်ပေးထားကြသည်။

"အကိုကြီးပါလား... လာတယ်လို့ကြိုပြောရင် အထူးဟင်းလျှာကို ကြိုပြင်ဆင်ထားပါတယ်။ ဟိုဝိတ်တာ...အကိုကြီးတို့ကို VIPအခန်းထဲမှာ ဧည့်ခံလိုက်ပါ..."

ဆိုင်ရှင်သူဌေးက တရုတ်လူမျိုးဖြစ်သည်။ နောရင်းက ဆိုင်ထဲဝင်လာသည်နှင့် ပြာယာခတ်ပြီး ဝန်ထမ်းကိုဧည့်ခံခိုင်းပြီး သူကိုယ်တိုင် ချက်ပြုတ်နေသည့်အဆောင်ထဲဝင်လာကာ စာဖိုမှူးကို ဟင်းများပြင်ဆင်ခိုင်းတော့၏။

"အကိုကြီး...လက်ဖက်ရည်အရင်သုံးဆောင်ပါ..."

ဆိုင်ရှင်သူဌေးလေးက ဝန်ထမ်းမျာကို ညွန်ကြားပြီးသည်နှင့် သူကိုယ်တိုင် နောရင်းကို ဧည့်ခံလိုက်သည်။ သူ့အရှေ့၌ ဆိုင်ရှင်ယီ ချပေးသည့် လက်ဖက်ရည်ကို ကောက်ယူပြီး သောက်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Nov 16 ⏰

Add this story to your Library to get notified about new parts!

Breaking Down Where stories live. Discover now