Part- 11

405 60 11
                                    

ညဖက်မှာ အပြင်ကိုငေးရင်း အိပ်ရာဝင်နောက်ကျသည့်အခါ မနက်နိုးလာတော့ အိပ်ရေးမဝသလိုခံစားရသည်။ လမိုက်ညတွေမှာတော့ ထိုလူကြီးရဲ့အခန်းဆီက ထွက်လာသည့် ဆူဆူညံညံအသံကြောင့် မနက်လင်းသည့်အထိ တစ်ရေးမှ မအိပ်ခဲ့ရတာလည်းရှိသည်။

ဒီနေ့တော့ အပြင်မှာ သည်းကြီးမည်းကြီးရွာနေသည့်မိုးကြောင့် အစောကြီးနိုးလာခဲ့သည်။ မိုးရိပ်တွေကြောင့် ကောင်းကင်တစ်ခွင် မှောင်ကျနေ၍ အပြင်လောကတွင် အုံ့မှိုင်းစိုစွတ်နေသည်။

အိပ်ယာသိမ်းပြီးသည်နှင့် အိမ်အောက်ထပ်သို့ဆင်းလာခဲ့သည်။ သူဝတ်ထားသည့်အဝတ်အစာက သူ့ခန္ဓာကိုယ်ထက် ကြီးနေသည့် အိုဗာဆိုက်များဖြစ်နေသည်။ သူ့အဝတ်များက ခပ်နွမ်းနွမ်းနှင့် ခပ်ကြီးကြီးများသာဖြစ်သည်။

"ဟော...ကောင်လေး ဒီနေ့အစောကြီးပါလား"

မီးဖိုခန်းထဲသို့ဝင်လာသည်နှင့် ထမင်းဟင်းချက်အဒေါ်ကြီးက နူတ်ဆက်သည်။ မနေ့ကလည်း သူ့ကို သူဌေးဆီစားစရာသွားပို့ခိုင်းသည့်လူက ဒီအဒေါ်ကြီးဖြစ်သည်။ ဒီနေ့လည်း ပျင်းနေသောကြောင့် ကြီးကြီးအား ကူပေးရန်ဆင်းလာခဲ့ခြင်းဖြစ်သည်။

"သား ဘာကူပေးရမလဲ ကြီးကြီး"

"ဒီနေ့ မိုးအေးအေးနဲ့ဆိုတော့ မုန့်ဟင်းခါးချက်မလားလို့။ သူဌေးလေးက မြန်မာအစာတွေကြိုက်တယ်"

"သားကူလုပ်မယ် ကြီးကြီး... အခုက ဘာလုပ်ပေးရမလဲ"

"ကြီးကြီးက ဘာမှမလုပ်ရသေးဘူး။ စတိုခန်းထဲမှာ ပစ္စည်းတွေသွားထုတ်ဦးမယ်။ ကောင်လေးက ဂျင်းနဲ့ကြက်သွန်ဥတွေ အခွံခွာပေးထားနော်"

"ဟုတ်ကဲ့ သားလုပ်ထားမယ်။"

"အေးအေး...အခုမှ မနက် ၄နာရီပဲရှိသေးတယ်။ ကြီးကြီးတို့ အေးဆေးလုပ်လို့လည်းမီပါတယ်"

ကြီးကြီးက ထိုသို့ပြောရင်း ခုံပေါ်ကဓာတ်မီးကို ကောက်ယူလိုက်သည်။

"ဟိုကောင်မလည်း အရေးအကြောင်းဆိုရင် ဘယ်တော့မှ အကူအညီခေါ်လို့မရဘူး"

ကြီးကြီးက အပြင်တွင်သည်းထန်စွာ ရွာချလာသည့်မိုးပေါက်များကိုကြည့်ပြီး ထိုသို့ညည်းညူလိုက်သည်။

Breaking Down Where stories live. Discover now