Part-6

797 69 13
                                    

သူ့ဆံပင်တွေ မေမေအမြတ်တနိုးနှင့် အမြဲတမ်း ဖြီးပေးတတ်သည်။ အခုတော့ဆံပင်တွေ သွေးညီနံံ့တွေဟောင်ထွက်နေသည့် အခန်းထဲတွင် ဘဝတုံးသွားရပြီ။ ဦးရေပြားနှင့် ထိကပ်လာသည့် အေးစက်စက်ကပ်ကြေးရဲ့ အသံတွေ သူ့ဆံနွယ်စတွေ ကြမ်းပြင်ထက်တွင် ဘဝပျက်နေရှာပြီ။

သူ့ဆံနွယ်ကို ညှပ်မပစ်ဖို့အတွက် အော်ဟစ်တောင်းပန်နေသော်လည်း သူ့နူတ်ခမ်းတွေကို အပိတ်ခံရသောကြောင့် အပြင်ကိုထွက်မလာ။ ထိုလူကတော့ သူ့ကိုဥပက္ခါပြုပြီး ကျောခိုင်းထွက်ခွားသွားသည်။ သူ့မှာတော့  ကြမ်းပြင်ထက်ကျနေသည့် ဆံနွယ်များနှင့်အတူ ငိုယိုနေလျက်။

မှောင်မိုက်သည့်အခန်းကျဥ်းထဲတွင် ခွေခွေလေးထိုင်နေသည့်ကောင်လေးတစ်ယောက် အမှောင်ရိပ်နှင့်အတူ ရှိူက်သံများထွက်နေသည်။ နေသားမကျသည့် ဦးခေါင်းကို မတော်တဆထိမိတိုင်း သဘောမကျနိုင်အောင်ရှိနေသည်။ ခပ်ကြမ်းကြမ်း ခပ်စူးစူးဖြစ်နေသည့် သူ့ခေါင်းထိပ်ကိုတောင် မထိမိအောင် ကြိုးစားနေမိသည်။

"ခေါ်ထုတ်လာခဲ့"

အမှောင်ခန်းထဲတွင် သူနေ့မှန်းညမှန်း အစာငတ်ခံပြီး နေလာခဲ့တာ ဘယ်လောက်ကြာသွားမှန်းမသိ။ အမိန့်ပေးလာသည့်အသံနှင့်အတူ တံခါးကပွင့်လာသည်။ တံခါးနှင့်အတူ ဝင်လာသည့် အလင်းစူးစူးကြောင့် မျက်လုံးကို ချက်ချင်းမဖွင့်နိုင်ပါ။

မျက်လုံးကို ဖွင့်လိုက်ပိတ်လိုက်လုပ်ပြီးမှ မှုန်ဝါးနေသော အမြင်အာရုံနှင့် သူ့ခန္ဓာကိုယ်အား လာကွယ်နေသော အရိပ်ကိုမော့ကြည့်လိုက်သည်။ အပြင်ကအလင်းရောင်က စူးနေသလားမသိ သူ့အမြင်အာရုံက မိုးကြိုးပစ်ခံထားရသလို မိုက်ခနဲဖြစ်သွား၏။

သူ့ခေါင်းတွေ ကျဥ်ခနဲဖြစ်သွားသည်။ ထိုလူကိုမော့ကြည့်ရန် အင်အားကအလုံအလောက်မရှိ၍ထင်သည် သူကြိုးစားရာမှ ကြမ်းပြင်တွင်ထောက်ထားသည့်လက်တွေ ခွေခနဲကျသွားသည်။ ထိုအချိန် သူ့နားထဲတွင်ကြားနေရသည့်အသံတွေ ဝိုးတဝါးပင်။

"Boss သူဖျားနေတယ်။ အစာမစားရလို့ အင်အားပြတ်နေတယ်"

"အခန်းထဲခေါ်သွားပြီး သတိရအောင်လုပ်"

Breaking Down Where stories live. Discover now