🍀Part-2(Unicode)🍀
246 8 1
(Part 2)
"Ready ပဲလား သျှိုင်း"
Camera ကို သူ့ဘက်ချိန်ရင်း ပြောလာသော ဝေယံကို သျှိုင်း ခေါင်းညိတ်ပြလိုက်သည်။ ဒီနေ့က သူတို့ YouTube channel တွင် video လေးများ တင်ဖို့ရန်အတွက် တိုင်းရင်းသားကျေးရွာသို့ ရောက်ရှိနေကြခြင်းဖြစ်သည်။ လေးယောက်ပေါင်းကာ နှစ်သက်သော သီချင်းများကို cover ပြန်ဆိုပြီး YouTube ပေါ်တွင်တင်ကြခြင်းဖြစ်သည်။ အပျော်သဘောဖြင့်သာ လုပ်ခဲ့သော်လည်း YouTube channel ဖွင့်ပြီး တစ်လအကျော်မှာပဲ သျှိုင်းတို့တွင် fan များ တော်တော်များများ ရှိလာခဲ့သည်။ ဘုရားပေးတဲ့ ဆုလာဒ်ဟုပင် ပြောရလောက်အောင်ထိ သျှိုင်းတို့လေးယောက်လုံးက တစ်ခါကြားဖူးပြီးတိုင်း ထပ်ခါထပ်ခါ နားထောင်ချင်သော အသံများကို ပိုင်ဆိုင်ထားသော သူများဖြစ်ကြသည်။ ရုပ်ကလေးများကလည်း ချောမောသည့်အပြင် အသံပါကောင်းနေသည်ကြောင့် လူငယ်များအကြားအတွင် သျှိုင်းတို့လေးယောက်က ရေပန်းစားသည်။
အခုတွင်လည်း တိုင်းရင်းသားကျေးရွာရှိ မျှော်စင်၏ အနားတွင်ရှိသော ဆင်ရုပ်တုများအား နောက်ခံထားကာ သီချင်းဆိုဖို့ ပြင်နေကြသည်။ သျှိုင်း သူ့ပေါင်ပေါ်တင်ထားသော မိုးပြာရောင်ဂစ်တာလေးကို ပွတ်သပ်နေမိသည်။ ဒီဂစ်တာလေးက မေမေ တန်ဖိုးအထားရဆုံးသော ပစ္စည်းများထဲမှ တစ်ခုဖြစ်သည်။ သျှိုင်းအား အရာရာအလိုလိုက်တတ်သော မေမေက ဒီဂစ်တာလေးကိုတော့ ဘယ်တော့မှ ယူကိုင်ခွင့်မပြုခဲ့ပေ။ အခုတောင် မေမေ မသိအောင် ခိုးယူလာခဲ့ခြင်းဖြစ်သည်။
သျှိုင်း ဂစ်တာလေးကို ပွတ်သပ်နေရင်း သက်ပြင်းချမိသည်။ ဒီဂစ်တာလေးက မေမေ၏ မောင်အငယ်ဆုံး ဦးငယ်မာန်၏ ဂစ်တာလေးပင်ဖြစ်သည်။ ဦးငယ်အား သျှိုင်း ဓာတ်ပုံထဲမှာသာ မြင်ဖူးသည်။ မေမေနဲ့ ဖေဖေ လက်မထပ်ခင်ကတည်းက ဦးငယ်က ဤကမ္ဘာမြေပေါ်က ထွက်သွားခဲ့သည်ဟု မေမေ ပြောပြဖူးသည်။ မေမေတို့ရဲ့ ဓာတ်ပုံ album ထဲမှာ ဦးငယ်အား ပထမဆုံးမြင်တုန်းကဆို မိန်းကလေးတစ်ယောက်ဟုပင် သျှိုင်းထင်ခဲ့ဖူးသည်။ နှင်းလိုဖြူသော အသားအရေ၊ မျက်ဝန်းပြာလေးများနှင့် ဦးငယ်က သိပ်ကိုလှပတဲ့ ယောက်ကျားလေးတစ်ယောက်ပင် ဖြစ်သည်။