🍀Part-14(Zawgyi)🍀
3 0 0
(Part 14)
ယသော်တစ်ယောက် သူ့ဘက်လှည့်ပြီး မျက်လုံးများမှိတ်ကာ အိပ်မောကျနေသော သျှိုင်း၏ ပါးပြင်လေးတစ်ဖက်အား လက်မဖြင့် အသာဖွဖွ ပွတ်သပ်နေရင်း သျှိုင်းအား ငေးကြည့်နေမိသည်။ သူထိုသို့ ငေးကြည့်နေသည်မှာ မိုးလင်းပေါက် ရောင်နီသန်းလာတဲ့အချိန်ထိပင် ဖြစ်သည်။ ညက ကြယ်တွေကြွေတာကို ကြည့်ရင်း သျှိုင်းက သူ့ရင်ခွင်ထဲ၌ပင် အိပ်မောကျသွားခဲ့သည်။ ငြိမ်သက်သွားသော သျှိုင်းကြောင့် ယသော် ကြည့်မိတော့မှ အိပ်ပျော်နေမှန်းသိတာကြောင့် သူ့မှာရယ်မိခဲ့ရသေးသည်။ အိပ်နေသူလေးမနိုးအောင် ပွေ့ချီလာခဲ့ပြီး tent ဆီသို့ ပြန်လာခဲ့သည်။ ထိုအချိန်ကတည်းက အိပ်နေသော ကလေးငယ်အား ကြည့်နေမိခဲ့ခြင်းဖြစ်သည်။
Tent ထဲတွင် ထွန်းထားသော မီးရောင်မှိန်မှိန်အောက်မှာတောင် သျှိုင်း၏ ချစ်ဖို့ကောင်းမှုက တစ်စက်ကလေးတောင် လျော့ကျမသွားပေ။ အမြဲတမ်း ကြည်လက်နေတတ်သော မျက်ဝန်းနက်တို့က အခုတွင်တော့ ဖုံးအုပ်ခြင်း ခံထားရသည်။ မျက်ဝန်းများ ပိတ်ထားသည်ကြောင့် ပါးပြင်လေးပေါ် အုပ်မိုးကျနေသော မျက်တောင်ရှည်လေးများကို လက်ညိုးဖြင် အသာ တို့ထိကြည့်ရင်း ယသော်စိတ်ထဲက ရေတွက်နေမိသည်။ ထို့နောက် ချွန်သည်ဟု ထင်ရပေမဲ့ ခပ်လုံးလုံးဖြစ်နေသော နှာတံလေးကို လက်ညိုးဖြင့် ပွတ်ဆွဲလာခဲ့ပြီး နီစွေးနေသော နှုတ်ခမ်းလေးအနားသို့ အရောက်တွင် ရပ်တန့်သွားသည်။
ထိုတစ်ခဏ ယသော့်မျက်နှာက သျှိုင်း၏ မျက်နှာအနားသို့ နီးကပ်သွားပြီး နှုတ်ခမ်းချင်း ထိလုထိခင်ဖြစ်သွားစဉ်မှာပင်   ယသော် တစ်ချက်ရယ်လိုက်ပြီးနောက် သူ့နှာခေါင်းထိပ်ဖြင့် သျှိုင်း၏ နှာခေါင်းထိပ်လေးအား ဖွဖွလေး ပွတ်သပ်လိုက်ပြီးနောက် အနောက်သို့ ပြန်ဆုတ်သွားတော့သည်။ တစ်ဖန် သျှိုင်း၏ ပါးဖောင်းဖောင်းလေးတို့အား ပွတ်သပ်နေမိပြန်သည်။ သူ့လုပ်နေသည်များကို မသိသည့်သျှိုင်းကတော့ နှစ်ခြိုက်စွာ အိပ်မောကျလို့နေဆဲပင် ဖြစ်သည်။
သျှိုင်းအား ငေးကြည့်နေရခြင်းမှာ နစ်မွန်းနေသည်ကြောင့်ပဲလားမသိ တစ်ညလုံး မအိပ်ရသေးပေမဲ့ ယသော်ကတော့ အိပ်ရေး၀၀အိပ်စက်ထားသူပမာ ခေါင်းကြည်လို့နေသည်။ ကြည့်နေရင်းနဲ့ပင် မျက်တောင်ခတ်ရမည်ကို စိုးရွံ့လာမိသည်အထိ တစ်ခဏလေးသော်မျှ သျှိုင်းအား မတွေ့ရမှာကို ကြောက်ရွံ့လာမိသည်။ ထိုစဉ် သူ့ဖုန်းက alarm သံထမြည်လာသည်ကြောင့် သျှိုင်းက လူးလွန့်လာသည်။ ယသော်လည်း ဖုန်းကို အမြန်ပိတ်လိုက်ပြီးနောက် ဘေးက အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေသော သျှိုင်း၏ ကျောလေးကို အသာပုတ်ပေးပြီး
You've reached the end of published parts.
⏰ Last updated: 16 hours ago ⏰
Add this story to your Library to get notified about new parts!