🍀Part-5(Unicode)🍀
148 5 0
(Part 5)
ယသော် အိမ်ရှေ့တွင် ကားရပ်ကာ ဟွန်းတီးလိုက်ရင်း သူ့ညာဘက်သို့ မသိမသာ မျက်လုံးစွေကြည့်လိုက်သည်။ အုတ်ခုံလေးမှာ ထိုင်ရင်း သူ့ဘက်ကိုကြည့်နေသော ကလေးငယ်ကြောင့် ချက်ချင်းပင် အကြည့်လွှဲလိုက်ရပြီး လွှတ်နေသော လက်တစ်ဖက်ဖြင့် ဝဲဘက်ရင်အုံကို အသာဖိမိသည်။ ညနေအိမ်ပြန်ချိန်တိုင်း ထိုကဲ့သို့ လိုက်ကြည့်နေတတ်သူလေးကြောင့် သူ့အား စောင့်နေတာဟုပင် ယသော်ပိုင်စိုးပိုင်နင်းတွေးမိလာရသည်။ ထိုအချိန်မှာပင် ခြံတံခါးပွင့်သွားသည်ကြောင့် ယသော်လည်း ကားကို ခြံထဲသို့ မောင်းဝင်လာခဲ့သည်။ ဆင်ဝင်အောက်တွင်ရှိသော ဖခင်ဖြစ်သူ၏ ကားနှင့် မလှမ်းမကမ်းတွင် သူ့ကားအား ရပ်လိုက်ပြီးနောက် ကားပေါ်မှဆင်းကာ ခြံတံခါးအား ပြန်ပိတ်နေသော ဖခင်ဖြစ်သူရှိရာဆီ သွားလိုက်ပြီး တံခါးအား ကူပိတ်ပေးလိုက်သည်။ ထို့နောက် အဖေဖြစ်သူအားကြည့်ကာ
"အဖေ...ခွန်းငယ် ဘယ်သွားလို့လဲ"
အရင်နေ့တွေကဆိုလျှင် ယသော်အိမ်ပြန်လာတိုင်း တံခါးလာဖွင့်ပေးသူမှာ ညီအငယ်ဆုံးဖြစ်သည်ကြောင့် ယသော် မေးလိုက်ခြင်းဖြစ်သည်။
"ကျောင်းကပြန်ရောက်ကတည်းက အခန်းထဲဝင်သွားတာ အခုထိပြန်ထွက်မလာသေးဘူး..."
"ဟုတ်လား...ကျောင်းမှာ တစ်ခုခုဖြစ်ခဲ့လို့များလား"
"ကျောင်းမှာ တစ်ခုခုဖြစ်ခဲ့ရင်တော့ ကောင်းတာပေါ့...မဟုတ်ရင်... "
ထိုစကားသာ ပြောပြီး အဖေက ဆက်ပြောမလာတော့ပေ။သို့ပေမဲ့ အဖေပြောချင်သည့် အကြောင်းကို ယသော်သိပါသည်။ ထို့ကြောင့် သက်ပြင်းကို မသိမသာကြိတ်ချမိသည်။
"မင်း စကားသွားပြောကြည့်အုံး...တော်ကြာ အရင်ကလို တစ်ယောက်တည်း အတွေးတွေများပြီး အိပ်မရလို့ပါဆိုပြီး အိပ်ဆေးတွေ အလွန်အကျွံသောက်နေအုံးမယ်"
"ဟုတ်ကဲ့ အဖေ"
ယသော်လည်း ခေါင်းညိတ်ပြလိုက်ပြီး အဖေနဲ့အတူ အိမ်ထဲသို့ လှမ်းဝင်လာခဲ့သည်။ အိမ်ထဲရောက်တော့ ဧည့်ခန်းက ခုံတန်းရှည်တွင်ထိုင်နေသော မိခင်ဖြစ်သူက ခေါင်းမော့လာပြီး ယသော့်ကိုမြင်တော့ ပြုံးပြကာ