(Part 3)
ယသော် တစ်ယောက် အခန်းထဲက ကုတင်ပေါ်တွင် ပက်လက်လဲှနေရင်း မျက်နှာကျက်အား စိုက်ကြည့်နေသည်။ ဒီနေ့ တစ်နေ့လုံး သူအားလို့နေသည်။ သွားစရာလည်း ရှိမနေပေ။ အစက အငယ်ကောင်နဲ့ အချိန်ဖြုန်းဖို့်ရန် တွေးထားခဲ့သော်လည်း ချစ်လှစွာသော ညီလေးက မနက်အစောကြီးထဲက သူငယ်ချင်းများနဲ့ လျှောက်လည်ဖို့ ထွက်သွားခဲ့သည်။ ထို့ကြောင့် မိဘနှစ်ပါးနဲ့အတူ အချိန်တို့အား အတူကုန်ဆုံးရန် ဆုံးဖြတ်လိုက်သော်လည်း မိတ်ဆွေတစ်ယောက်၏ အလှူအား သွားရမည်ဟုဆိုကာ သူ့အားအိမ်စောင့်အဖြစ် ထားရစ်ခဲ့ပြီး မောင်နှံနှစ်ဖော်ကတော့ ကျော့ကျော့မော့မော့လေးနှင့် အိမ်မှထွက်သွားခဲ့သည်။
ယသော် မျက်နှာကျက်ကိုကြည့်ရင်း ပျင်းလာသည်ကြောင့် အနားရှိ ဖုန်းအား ယူလိုက်ပြီး fb ထဲသို့ ဝင်လိုက်တော့သည်။ NFကို အပေါ်အောက် ထပ်ဖန်တလဲလဲ ပွတ်ဆွဲနေသော်လည်း ပျင်းနေခြင်းအား အနည်းငယ်မှ လျော့ပါးသွားခြင်း မရှိခဲ့ပေ။ ထို့ကြောင့် လဲှနေရာမှ ထလိုက်ပြီး အခန်းထဲမှ ထွက်ကာ အောက်ထပ်သို့ ဆင်းလာပြီး ခြံထဲသို့ ထွက်ခဲ့တော့သည်။ ခြံထဲသို့ရောက်တော့ ဖုန်းထဲမှ ခင်မောင်တိုး၏ ချစ်သူသိစေ ဆိုသော သီချင်းကို ဖွင့်ကာ ခုံတစ်ခုပေါ်တွင် တင်ထားလိုက်သည်။ ထို့နောက် ခြံထောင့်တစ်နေရာရှိ ရေပိုက်အား ယူပြီးနောက် ခြံထဲရှိ ပန်းပင်များနှင့် ညီဖြစ်သူ အမြတ်တနိုးနဲ့ တယုတယစိုက်ပျိုးထားသော နှင်းဆီပန်းပင်များကို ရေလောင်းတော့သည်။
🎼ပန်းပွင့်ရှိမှ ရနံ့ရတာမဟုတ်ဘူး...ဖူးသည့်ငုံ ထုံသည့်တစ်ပွင့်...နမ်းခွင့်တစ်ရှိုက် ရခိုက်မှာ...ထာဝရ အမြဲလေ နှလုံးသားမှာ...စွဲမြဲစွာ ထုံသင်း ဆွတ်ပျံ့နေ ချစ်သူသိစေ...🎼
ဖုန်းထဲမှထွက်လာသော သီချင်းစာသားများအား ယသော် ပန်းပင်ရေလောင်းရင်းနှင့် လိုက်ဆိုနေမိသည်။ လေပြည်များ တစ်ချက်တစ်ချက် တိုက်ခတ်သွားသည့်အခါ နှင်းဆီရနံ့များက ယသော့်နှာဖျားဆီ လာရောက်ကျီဆယ်သည်။ အချိန်တစ်ခုအကြာတွင်တော့ ယသော်ပန်းပင်ရေလောင်းခြင်းကို ရပ်လိုက်တော့သည်။ ထို့နောက် ဖုန်းကိုယူကာ အိမ်ထဲသို့ ဝင်လာပြီး မီးဖိုခန်းထဲသို့ တန်းသွားလိုက်သည်။ ပထမဦးစွာ အိုးတစ်ခုထဲသို့ ရေအနည်းငယ်ထည့်ပြီး မီးဖိုပေါ်တင်ကာ တည်ထားလိုက်သည်။ တစ်ဖန် ရေခဲသေတ္တာဆီသို့ လျှောက်သွားပြီး တံခါးအားဖွင့်လိုက်ကာ အထဲမှ ကြက်အူချောင်း ၃ချောင်းနဲ့ ကြက်ဥတစ်လုံး၊ ခရမ်းချဉ်သီး နှစ်လုံးအား ထုတ်ယူလိုက်သည်။ ထို့နောက် ရေခဲသေတ္တာဘေးမှ ကြက်သွန်များထည့်ထားသော ခြင်းထဲက ကြက်သွန်နီ သုံးလုံးအားယူလိုက်သည်။
YOU ARE READING
RomanceStart Date - 1.10.2024 End Date - ??? သဘောကျရတဲ့ ယူနီဖောင်းအဖြူလေးဝတ်တဲ့ ဆရာဝန်တစ်ယောက်ဆိုတာကလွဲရင် နာမည်တောင်မသိတဲ့သူ့ကို သျှိုင်းတိတ်တဆိတ် ခေါ်မိတဲ့ နာမ်စားလေးက အစ်ကိုတဲ့။ သဘောကရြတဲ့ ယူနီဖောငျးအဖွူလေးဝတျတဲ့ ဆရာဝနျတဈယောကျဆိုတာကလှဲရငျ နာမညျတောငျမသိတဲ...