(Part 4)
"သျှိုင်း ဘာစားမှာလဲ"
အသင့်စားခေါက်ဆွဲဘူးများထားသော စင်အရှေ့တွင် ရပ်နေရင်း မိုးဝသာန်က သျှိုင်းကို မေးလာသည်။ သျှိုင်းလည်း မိုးဝသာန်အား မကြည်သလို ကြည့်လိုက်ပြီး ဘာမှပြန်မပြောတော့ပဲ သူ့ရှေ့တွင်ရှိသော spicy အနက်ရောင်ဘူးအား လှမ်းယူလိုက်သည်။
သိရဲ့သားနဲ့ လာမေးနေတယ်...။
သျှိုင်းတို့ ၄ယောက်က City Family ဆေးရုံကြီး၏ အရှေ့တွင်ရှိသော mini mart တွင် ရောက်ရှိနေကြခြင်းဖြစ်သည်။ အကြောင်းမှာတော့ City Family ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော သျှိုင်း၏ အစ်မအား ထမင်းချိုင့်လာပို့ပေးရင်း လမ်းကြုံ ထို mart ထဲသို့ ဝင်လာကြခြင်းဖြစ်သည်။
"ဟဲ့ အကောင် နင်ဘာစားမလဲမေးနေတာ ငါအသက်ထွက်တော့မယ် မသာရဲ့"
မိုးဝသာန်က သျှိုင်းကိုမကြည့်ပဲ ပါးစပ်ကပြောရုံတင်မဟုတ် ခြေထောက်နဲ့ပါ လှမ်းကန်လာသောကြောင့် သျှိုင်းတစ်ယောက် ခြေထောက်များကို သိုင်းကျင့်နေရသည်။
"ဝသာန်မ နင်မိန်းကလေးဖြစ်ပြီး ဘယ်လိုဖြစ်လို့ ကျားယားနေရတာလဲ"
"ဟဲ့ နွဲ့နွဲ့နှောင်းနှောင်း ယောက်ကျားကောင်း...ကျားကျားယားယား မိန်းမသားဆိုတာ မကြားဖူးဘူးလား"
ဆိုရင်း မိုးဝသာန်က သျှိုင်းကိုကြည့်လာပြီး သျှိုင်းလက်ထဲမှ ခေါက်ဆွဲဘူးကို မြင်တော့ မျက်လုံးများ ပြူးသွားရသည်။ ထိုသည်ကို သတိထားမိသော သျှိုင်းက ခေါက်ဆွဲဘူးအား လက်နှစ်ဖက်ဖြင့် ပိုက်ထားလိုက်ပြီး
"ငါ spicy အနက်ပဲ စားမှာ"
သျှိုင်းစကားကြောင့် ခေါက်ဆွဲဘူးများကို ရွေးနေသော မိုးမခနဲ့ ဝေယံတို့ကလည်း သျှိုင်းကို မျက်လုံးများ ပြူးလျက် ကြည့်လာကြသည်။ သျှိုင်းလည်း ခေါက်ဆွဲဘူးအား ရွှေထုပ်တစ်ထုပ်ပမာ ပိုက်ထားလျက် သူ့အားပြူးကြည့်နေသော လူများကို ပြန်ကြည့်ကာ
"ဘာလဲ...ငါဒီဟာပဲ စားမှာနော်...လာမတားနဲ့"
"ပြီးရင် နင်ပဲ ဗိုက်အောင့်မှာလေ မသာရဲ့"
YOU ARE READING
RomanceStart Date - 1.10.2024 End Date - ??? သဘောကျရတဲ့ ယူနီဖောင်းအဖြူလေးဝတ်တဲ့ ဆရာဝန်တစ်ယောက်ဆိုတာကလွဲရင် နာမည်တောင်မသိတဲ့သူ့ကို သျှိုင်းတိတ်တဆိတ် ခေါ်မိတဲ့ နာမ်စားလေးက အစ်ကိုတဲ့။ သဘောကရြတဲ့ ယူနီဖောငျးအဖွူလေးဝတျတဲ့ ဆရာဝနျတဈယောကျဆိုတာကလှဲရငျ နာမညျတောငျမသိတဲ...