🍀Part-11(Unicode)🍀
99 4 2
(Part 11)
At City Family Hospital,
ယသော် နားနေခန်းထဲတွင် ထိုင်နေရင်း လူနာများ၏ ရောဂါမှတ်တမ်းများကို ဖတ်နေသည်။ မျက်လုံးအကြည့်တို့က ကိုင်ထားသော စာရွက်ဖိုင်ထဲတွင်သာ ရှိသော်လည်း စိတ်တို့ကတော့ တစ်စစီပျံ့လွင့်နေသည်။ မနေ့က သူတို့အားလုံးဆုံချိန်တွင် အငယ် သူ့အား လုံးဝကို လျစ်လျူရှုသွားသည်အား ရင်ထဲ ဘယ်လိုမှမခံစားနိုင် ဖြစ်နေသည်။ အရင်အချိန်များတုန်းကတောင် တရင်းတနှီး စကားပြောဆိုခဲ့ကြသေးသည်။ သို့ပေမဲ့ မနေ့ကတွင်တော့ သူ့အား မရှိသူတစ်ယောက်လို ဥပေက္ခာပြုထားခဲ့သည်။ ပြန်သွားသည့်အချိန်ထိ အကြည့်တစ်ချက်လေးတောင် သူ့အပေါ် စွန့်ကြဲမလာခဲ့။ Messenger မှ စာပို့သော်လည်း seen သာပြပြီး ပြန်စာတော့ မရရှိခဲ့ပေ။
ယသော် ရင်ထဲ ထုထည်ကြီးမားသော အစိုင်အခဲကြီးက တစ်ဆို့လို့နေသည်။ စိတ်ထဲ နေလို့မရနိုင်တော့စွာ ပေါက်ကွဲပစ်ချင်သော်လည်း မည်သူ့ကို ပေါက်ကွဲရမလဲ မသိဖြစ်နေသည်။
"ဟားးးး အငယ်ရာ..."
"ရုတ်တရက်ကြီး မင်းဘာလို့ ကိုယ့်အပေါ် စိမ်းကားသွားရတာလဲ... အကြောင်းပြချက်မရှိပဲ မင်းဘာလို့ ကိုယ့်အပေါ် သစ်စိမ်းချိုး တွေ ချိုးနေရတာလဲ...မင်းအပေါ် ကိုယ်ဘာလုပ်မိလို့များ မင်းကိုယ့်အပေါ် လေစိမ်းတွေ တိုက်နေရတာလဲ အငယ်"
"ကိုယ် နားမလည်ဘူး... မင်းနဲ့ ကိုယ် အရင်ချိန်တုန်းကတောင် တရင်းတနှီး စကားပြောဆိုခဲ့သေးတာပဲ...ချက်ချင်းကြီးကို မင်း ဘာဖြစ်သွားရတာလဲ"
"မင်းလိုင်းမတက်တဲ့ အချိန်တုန်းကတောင် ဘာများဖြစ်နေလို့လဲဆိုပြီး မင်းကို စိတ်ပူနေခဲ့တဲ့ ကိုယ်ပါ...မနေ့က မင်းကို ပြန်တွေ့ရတော့လည်း မင်းအဆင်ပြေပြေရှိနေလို့ အတိုင်းမသိ ဝမ်းသာမိတာလည်း ကိုယ်ပါ...ဒါတောင် မင်း ကိုယ့်အပေါ် ဘာလို့များ..."
"အငယ်ရာ ကိုယ်ရူးချင်ပြီ... မင်း တစ်ယောက်နဲ့ ကိုယ်တကယ် ရူးချင်နေပြီ"
ယသော် ခေါင်းကို ထိုင်ခုံနှောက်မှီပေါ် လှန်ချလိုက်မိသည်။ ထို့နောက် မျက်နှာကျက်ဖြူဖြူကို အကြောင်းမဲ့ ငေးစိုက်ကြည့်နေသည်။ ထိုအခါ မျက်နှာကျက် ဖြူဖြူအစား သူမြင်ယောင်လာသည်က မနေ့က သူ့အားစိုက်ကြည့်ရင်း သီချင်းဆိုနေခဲ့သော ကောင်ကလေးတစ်ယောက်၏ ပုံရိပ်။ အကြည့်တစ်ချက် မလွှဲပါပဲ သူ့အားစိုက်ကြည့်နေခဲ့သော ကောင်ငယ်လေး။