(Part 7)
At Sunday,
သျှိုင်းနဲ့ ဝေယံတို့ နှစ်ယောက်သား love sign ရှေ့က မြက်ခင်းပြင်တွင် ထိုင်ကာ မုန့်စားရင်း ဓာတ်ပုံရိုက်နေကြသော အမြွှာနှစ်ယောက်အား ထိုင်ကြည့်နေသည်။ ပြည်သူ့ရင်ပြင်သို့ ရောက်ပြီး ကစားကွင်းထဲ မသွားခင် ဝေယံက YouTube တွင်တင်ရန်အတွက် video အရင်ရိုက်မည်ဟု ဆိုလာသည်ကြောင့် ဤနေရာသို့ ရောက်ရှိလာကြခြင်းဖြစ်သော်လည်း ရောက်ကတည်းက ဓာတ်ပုံရိုက်နေသော နှစ်ယောက်အား ထိုင်စောင့်နေရသည်မှာ ပါလာသည်မုန့်များပင် တစ်ဝက်ကျိုးတော့မည်ဖြစ်သည်။ ထိုနှစ်ယောက်ကတော့ ဓာတ်ပုံရိုက်လို့ မပြီးနိုင်သေး။ စိတ်ရှိတိုင်း pose အမျိုးမျိုးပေးနေသော မိုးဝသာန်နှင့် မိုးဝသာန်စိတ်တိုင်းကျ အငြင်းစကားတစ်ခွန်းမဆို မငြီးမငြူ ရိုက်ပေးနေသော မိုးမခတို့အား သျှိုင်းတို့တကယ်ပင် လက်မြှောက်မိပါသည်။ သျှိုင်း အမြွှာနှစ်ယောက်အား ကြည့်နေတုန်း ဝေယံက သူ့ဖုန်းကို ထုတ်ကာ
"သျှိုင်း ငါတို့လည်း ဆယ်ဖီတစ်ပုံလောက် ဆွဲကြမလား"
"အိုကေ ရတယ်လေ"
သျှိုင်းက ခေါင်းညိတ်ပြလာသည်ကြောင့် ဝေယံက သျှိုင်းအနား ကပ်လိုက်ရင်း နှစ်ယောက်လုံး ပေါ်အောင် camera ကိုချိန်လိုက်သည်။ ထို့နောက် ဓာတ်ပုံရိုက်ရန် ကြည့်ထားသော များစွာသော pose ပေးနည်းများထဲမှ နှစ်ယောက်သား လက်လေးနှစ်ချောင်းထောင်သော pose ဖြင့် ရိုက်လိုက်ကြသည်။ ထို့နောက် ဝေယံက ထိုပုံအား သူတို့ page တွင်တင်လိုက်တော့သည်။ ပုံတင်ပြီးနောက် ဖုန်းအား ပိတ်ရန်ပြင်လိုက်စဉ် ရောက်လာသော message လေးကြောင့် ဝေယံနှုတ်ခမ်းစွန်းတို့ အနည်းငယ် ကော့တက်သွားရသည်။
'ကလေး ကိုယ်ရောက်ပြီ... ကလေးတို့က ဘယ်မှာလဲ'
ဝေယံ စာမပြန်သေးပဲ ထိုစာလေးအား ကြည့်ကာ ပြုံးနေမိသည်။ မနေ့က ကိုခန့်က သူ့အား ဖုန်းဆက်ကာ ဒီနေ့ ပြည်သူ့ရင်ပြင် သွားမည်ဖြစ်ကြောင်း ပြောကာ သူ့အား လိုက်မလားဟု မေးခဲ့သည်။ ဝေယံက သျှိုင်းတို့နဲ့ သွားမည်ဖြစ်ကြောင်း ပြန်ပြောတော့ ပြည်သူ့ရင်ပြင်တွင် ဆုံကြမည်ဟု ပြောလာခဲ့သည်။ ဝေယံလည်း စာလုံးအနည်းငယ်ကို ရိုက်နှိပ်လိုက်ပြီးမှ ဖုန်းကိုပိတ်လိုက်ကာ သျှိုင်းနဲ့အတူ အမြွှာနှစ်ယောက်ကိုသာ ကြည့်နေလိုက်တော့သည်။
YOU ARE READING
RomanceStart Date - 1.10.2024 End Date - ??? သဘောကျရတဲ့ ယူနီဖောင်းအဖြူလေးဝတ်တဲ့ ဆရာဝန်တစ်ယောက်ဆိုတာကလွဲရင် နာမည်တောင်မသိတဲ့သူ့ကို သျှိုင်းတိတ်တဆိတ် ခေါ်မိတဲ့ နာမ်စားလေးက အစ်ကိုတဲ့။ သဘောကရြတဲ့ ယူနီဖောငျးအဖွူလေးဝတျတဲ့ ဆရာဝနျတဈယောကျဆိုတာကလှဲရငျ နာမညျတောငျမသိတဲ...