🍀Part-13(Unicode)🍀
73 6 2
(Part 13)
"သား ဘာလုပ်ပေးရမလဲ မမ"
မျက်နှာထက် အပြုံးများဖောသီစွာ ပန်ဆင်ထားရင်း အနားရောက်လာကာ မေးလာသော သျှိုင်း။ ပပလည်း သျှိုင်းကို စကားပြန်ပြောရန် မော့ကြည့်လိုက်သည့် တစ်ခဏ အနီရောင်သန်းသော မျက်သားဖြူများနှင့် သာမန်ထက်ပိုကာ နီနေသော နှာခေါင်းထိပ်လေးတိုကြောင့် ပပ မျက်နှာထက် စိုးရိမ်သည့် အမူအရာတို့က ပြည့်နှက်သွားတော့သည်။ သျှိုင်း၏ မျက်ဝန်းတို့တွင် မျက်သားဖြူများက ရဲတက်နေပြီး မျက်နှာလေးက အနီရောင်သို့ ပြေးနေသည်မှာ သျှိုင်း ငိုထားခြင်းကို ထင်ရှားစွာ သိသာစွာ သက်သေခံလို့နေသည်လေ။ ပပလည်း ထိုင်နေရာမှ ထရပ်လိုက်ပြီး သျှိုင်းမျက်နှာလေးကို အသာထိကိုင်ကာ
"သျှိုင်းလေး...ကလေး ဘာဖြစ်လို့လဲ...မမကို ပြောလေ...ဘာတွေ အဆင်မပြေလို့လဲဟင်"
သျှိုင်းအား အစိုးရိမ်တကြီး မေးလိုက်သော ပပ၏ အသံကြောင့် ကိုယ်စီအလုပ်ရှုပ်နေကြသော လူအကုန်၏ အကြည့်တို့က သျှိုင်းထံသို့ တည့်မတ်စွာ ကျရောက်လာသည်။ ထို့နောက် သျှိုင်း၏ မျက်နှာထက်က အရိပ်အယောင်များကို မြင်ပြီး အားလုံး၏ မျက်နှာထက် စိုးရိမ်ရိပ်တို့ ထင်ဟပ်လာကြတော့သည်။
သျှိုင်း အစ်ကို့အား ကြည့်လိုက်တော့ အစ်ကိုက သျှိုင်းကို စူးစူးနစ်နစ် စိုက်ကြည့်လို့နေသည်။ သျှိုင်းပဲ အထင်မှားသလား မသိပေမဲ့ သျှိုင်းကိုကြည့်ရင်း အစ်ကို၏ မျက်ခုံးတို့က သိသိသာသာ စုကြုတ်သွားသည်ကို သျှိုင်း မြင်လိုက်ရသည်။
"သျှိုင်းလေး ဘာဖြစ်တာလဲ"
သျှိုင်း အစ်ကို့အား ကြည့်နေစဉ် မမရွှေရည်က ထပ်မေးလာသည်ကြောင့် အစ်ကို့ထံမှ အကြည့်လွှဲလိုက်ပြီး ဘာမှမဖြစ်ကြောင်း ခေါင်းခါပြလိုက်သည်။ ထို့နောက် တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင် ဘယ်အချိန်ကမှန်းမသိ အနားရောက်လာသော အစ်ကိုက သျှိုင်းမျက်နာထက်ရှိ မမ ပပ၏ လက်ကိုဖြုတ်ချလိုက်ပြီး အစ်ကိုနဲ့မျက်နှာချင်းဆိုင်ရပ်စေလိုက်သည်။ တစ်ဖန် သျှိုင်းမေးစေ့ကနေ ကိုင်ပြီး မျက်နှာကို မော့လာစေသည်။ မေးစေ့အား ကိုင်ထားသော လက်မှာ မကြမ်းတမ်းသော်လည်း ညင်သာမှုတို့ရှိမနေပေ။ အစ်ကိုက သျှိုင်းမျက်လုံးထဲကို စိုက်ကြည့်လာပြီး