🍀Part-10(Zawgyi)🍀
45 0 0
(Part 10)
At Blue Moon Cake and Coffee,
"ဘာယူရင် ကောင်းမလဲ"
ကိတ်မုန့်မျိုးစုံကို တန်းစီပြီး ပြထားသော မှန်ဘောင်အရှေ့တွင် မတ်တပ်ရပ်နေရင်း သျှိုင်း တစ်ယောက်တည်း ကြားရုံရေရွတ်လိုက်သည်။ ဘေးက သူငယ်ချင်းဖြစ်သူများကို ကြည့်လိုက်တော့လည်း သူတို့အာရုံနဲ့ သူတို့ဖြစ်နေသည်မို့ သျှိုင်းလည်း ကိတ်ရွေးခြင်း၌သာ အာရုံစိုက်ထားလိုက်သည်။
မှန်ဘောင်ထဲမှ ကိတ်မုန့်မျိုးစုံက သူ့ထက်ငါအပြိုင် လှသွေးကြွယ်လျက် စားချင်လာအောင် အမျိုးမျိုး သွေးဆောင် ဖျားယောင်နေကြသည်။ သျှိုင်းလည်း အတော်ကြာ ကိတ်မုန့်များကို ကြည့်နေပြီးမှ နောက်ဆုံး ချောကလက် ကိတ်လေးတစ်ခုအား ညွှန်ပြလိုက်သည်။
"ဒီကိတ်လေးနဲ့ cappuccino တစ်ခွက်ချပေးပါနော်"
"ဟုတ်ကဲ့ရှင့်...ကျေးဇူးပြုပြီး စားပွဲဝိုင်းတစ်ခုမှာ ခဏလောက် စောင့်နေပေးပါရှင့်"
သျှိုင်းလည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် ဝေယံတို့ကိုကြည့်လိုက်တော့ အခုထိ မုန့်ရွေးလို့ မပြီးသေးတာကြောင့် သူတို့အား မစောင့်တော့ပဲ စားပွဲဝိုင်းတွင် ထိုင်ရန် လှည့်ထွက်လာခဲ့သည်။ ထို့နောက် လူ၈ယောက် ၉ယောက်လောက် ထိုင်လို့ရသည့် စားပွဲဝိုင်းတစ်ခုကို ရွေးလိုက်ကာ ထိုနေရာသို့ သွားထိုင်လိုက်သည်။
သျှိုင်းတို့လေးယောက် ဤဆိုင်သို့ ရောက်ရှိနေရခြင်းက ကိတ်မုန့်စားဖို့ရန် သက်သက်မဟုတ်ပဲ ပပက ချိန်းထားခဲ့သောကြောင့်ဖြစ်သည်။ မနေ့ညက သူတို့ အားလုံးရှိနေသော messenger group chat ထဲသို့ ပပက သျှိုင်းတို့ကို ပြောစရာရှိသည်ဟုဆိုကာ ဤဆိုင်တွင် ဆုံကြရန် ချိန်းထားခဲ့ခြင်းဖြစ်သည်။ ခဏအကြာ ဝေယံနဲ့ အမြွှာနှစ်ယောက်လည်း ရောက်လာပြီး သျှိုင်း၏ ညာဘက်တွင် ၀င်ထိုင်လိုက်ကြသည်။
"ဆိုင်လေးက ချစ်စရာလေးနော်... fb မှာတွေ့ကတည်းက ငါဒီဆိုင်လေးဆီ လာချင်ခဲ့တာ...အခုမှပဲ ရောက်ဖြစ်တော့တယ်"
မိုးဝသာန်က ဆိုင်၏ အပြင်အဆင်ကို ဝေ့၀ဲကြည့်ပြီးနောက် ဆိုလာသည်။ မိုးဝသာန် စကားကို သျှိုင်းတို့လည်း အသံတိတ်ထောက်ခံလိုက်ကြသည်။ ဆိုင်၏ အပြင်အဆင်လေးက မသိလျှင် ကာတွန်းကားများထဲက နတ်သမီး အိမ်လေးထဲသို့ ရောက်သွားသည်ဟု ခံစားမိသည်အထိ နတ်သမီး ပုံပြင်ဆန်ဆန်လေး ဖန်တီးလို့ထားသည်။