🍀Part-6(Zawgyi)🍀
40 0 0
(Part 6)
အချိန်အားဖြင့် မနက် ၈နာရီ။ ရာသီဥတုက အနည်းငယ် အုံ့မှိုင်းမှိုင်းဖြစ်နေသည်ကြောင့် ကောင်းကင်တစ်ခွင် တိမ်အစုအဝေးများကြား နေရောင်ခြည်တို့က သိပ်မတိုးပေါက်နိုင်ပဲရှိနေသည်။ ထိုအချိန် လမ်းမထက်တွင် စကားတပြောပြောဖြင့် လမ်းလျှောက်နေကြသော လူငယ်လေးယောက်။
"ဟဲ့ နင်မနေ့က ဗိုက်အောင့်လို့ဆို"
လမ်းလျှောက်နေရင်း ပခုံးကိုပုတ်ကာ ပြောလာသော မိုးဝသာန်။ သျှိုင်းလည်း မိုးဝသာန်ကို ခေါင်းညိတ်ပြလိုက်ပြီး
"အင်း...နင့်ကို ဘယ်သူပြောတာလဲ"
"မမသဒ္ဒါလေ... နင့်ကို လာစောင့်နေတုန်းက ပြောတာ... အငယ်လေး မနေ့ကဗိုက်အောင့်လို့ သူ့ကို အပြင်စာတွေနဲ့ အမာစာတွေမစားအောင် ငါတို့ကိုကြည့်ပေးပါတဲ့ နော်ဝေယံ"
သျှိုင်းမေးသည်ကို မိုးဝသာန်က ပြန်ဖြေလာပြီး ဘေးတွင်ရှိသော ဝေယံကိုပါ အဖော်ညှိလိုက်သေးသည်။ ဝေယံကလည်း ခေါင်းညိတ်ပြလာသည်။
"အင်း"
"အဲ့ဒါကို နင်က အိမ်မှာမနားပဲ ဘာလို့ သင်တန်းလာတက်နေတာလဲ"
မိုးမခက မေးတော့ သျှိုင်းက မပီမပြင် အပြုံးတစ်ခုကို ဖော်ကျူးလျက်
"တော်ပါပြီ...အိမ်မှာပဲနေရတာ ပျင်းစရာကြီး"
"အောင်မယ်...နင့်အကြောင်းကို ငါတို့က မသိဘူးဆိုတော့...နင့်ကိုကို ကိုတွေ့ချင်လို့ ဗိုက်အောင့်တာတောင် မနားနိုင်တာမလား"
မိုးမခ၏ စကားက မှန်နေသည်ကြောင့် သျှိုင်း ဘာမှပြန်မပြောတော့ပဲ မချိပြုံးသာပြုံးပြလိုက်ရတော့သည်။ တကယ်လည်း အစ်ကို့ကြောင့် မေမေတို့ တားနေသည့်ကြားက သျှိုင်းထွက်လာခဲ့ခြင်းဖြစ်သည်။ တစ်နေကုန်နေမှ ၅မိနစ်ပြည့်အောင်တောင် မတွေ့ရတာကို တစ်ရက်လောက်မတွေ့ရလျှင်တော့ သျှိုင်း အလွမ်းများနှင့် ရူးသွားနိုင်လောက်ပါသည်။
Time Skip,
သျှိုင်းတို့ သင်တန်းအိမ်ရှေ့သို့ ရောက်တော့ ဝေယံတို့က ၀င်သွားကြသော်လည်း သျှိုင်း မ၀င်သေးပဲ ဘေးက နှစ်ထပ်တိုက်အိမ်ပန်းရောင်လေးကို ငေးကြည့်နေမိသည်။ အစ်ကိုနေသည့် အိမ်ဟူသော အသိလေးနဲ့တင် ရင်ထဲနွေးထွေးမှုတို့ ဖြစ်ပေါ်လာရသည်။