အပိုင်း(4)Uni

704 43 0
                                    

အခုဆို မောင်ပြန်မလာတာ ၁၅ရက်တိတိနဲ့ နေ့တစ်ပိုင်းရှိပြီးဖြစ်သည်။

မောင့်ကို မြို့ထဲ မသိတဲ့သူသိပ်မရှိသည်မို့ မောင့်သတင်းများကို နားနဲ့မဆန့်အောင်ကြားရပါသည်။

အမြဲလိုလို ကောင်မလေးတစ်ယောက်နဲ့တွေ့ရသည်တဲ့။

ဆေးရုံအနီးနားမှာ အိမ်တစ်လုံးဝယ်သည်ကိုလဲ သူမအသိများဆီမှတဆင့်သိထားပြီးပါပြီ။

မအေးနှင့် ဈေးသွားသည်အခါ သူမဟာမောင့်ရဲ့မယားကြီးဖြစ်ပြီး ထို့အမျိုးသမီးငယ်ဟာတော့ မောင့်ရဲ့ မယားငယ်ပါဆိုတဲ့ အသံများကိုကြားရပါသည်။

မောင်ကိုလူရှုပ်တစ်ယောက်လို့ စွပ်စွဲကြတဲ့ အသံများကို မကြားချင်သဖြင့် သူမအပြင်လဲမထွက်ဖြစ်တော့ပါ။

မောင့်ကိုအလွန်ပင်လွမ်းရပါသည်။အနားမှာအမြဲကပ်ချွဲနေတတ်တဲ့ မောင့်ရဲ့ချွဲနွှဲ့မှုကိုလွမ်းလှပါသည်။

မောင့်အသံချိုချိုအေးအေးကိုတဂယ်ပင်တမ်းတမိပါသည်။သူမဘက်ကစတင်ဆက်သွယ်လို့ရပါသည်။ သို့သော် တစ်ဖက်မိန်းကလေးရဲ့ စကားနားထိုးမှုများကို မောင့်ကိုမခံစေချင်ပါ။

မောင့်ရဲ့ပျော်ရွှင်နေမှုလေးကိုမဖျတ်ဆီးပစ်ချင်ပါ။

မောင့်ဟာ သူမကိုတရားဝင်မစွန့်လွှတ်သေးတာဟာ သူမကိုချစ်၍လား။အားနာ၍လား။သံယောဇဉ်ကြောင့်လား။သူမ မတွေးချင်ပါ။သို့သော် နှလုံးသားကလွမ်းလေတိုင်း ဦးနှောက်ကအလိုလို အလုပ်လုပ်ပါသည်။ မျက်ရည်ကအလိုလိုကျပါသည်။မွန်းကြပ်လှပါသည်။ မောင့်ရဲ့ ခပ်ချောချောမျက်နှာကိုမြင်တွေ့ချင်ပါသည်။ပျားသကာအလား ချိုသာသောမောင့်စကားသံများကြားချင်မိပါသည်။မောင့်ရဲ့ တင်းကြပ်စွာထွေးပွေ့မှုများကိုလွမ်းလှပါသည်။

မောင့်ရဲ့ အထိအတွေ့များကိုလွမ်းမောလှပါသည်။ ရစ်မူးစေတဲ့မောင့်အနမ်းများကိုလဲ မက်မောလှပါသည်။

မောင့်ရှိနေတဲ့ အရပ်ဟာပျော်စရာအကောင်းဆုံးနေရာ ၊ပျော်စရာအကောင်းဆုံးအချိန်၊ပျော်စရာအကောင်းဆုံးအမှတ်တရဖြစ်ပါလျက် ဒီအိမ်ကြီးဟာအခုတော့ မှောင်မှိတ်လွန်းလှပါသည်။မောင့်ရှိနေစဉ်က ရွှေရောင်တဖြတ်ဖြတ်လတ်နေတဲ့ အိမ်ကြီးကအခုတော့ အိမ်အိုအိမ်ဟောင်းကြီးလို့စတင်ခံစားလာရပါသည်။

ဒါတောင်ဝေးကွာမှုက ရက်ပိုင်းရှိပါသေးသည်။ဒီထက်များကြာရင် ကမ္ဘာပျက်ကြီးထဲရောက်နေသလို ခံစားရပါတော့မည်။
"လွမ်းလွန်းလှပြီးလေ မောင်ရယ်"
............................................................................................................................................
ဆက်လျက်ဖော်ပြပါဦးမည်။
Mg Shine

မောင်ရှိရာအရပ်သို့ မျက်နှာမူ၍ (Complete)Where stories live. Discover now