အပိုင်း(11) Zawgi

145 2 0
                                    

ဘာတွေဘယ်က စမှားတယ်မသိပါ။ အဆင်ပြေအောင်ကြိုးစားနေရင်းနဲ့ အနားကလူတိုင်းပင်ပန်းအောင်လုပ်မိနေခဲ့သည်။

ချစ်ရသူကိုပါ စိတ်မချမ်းသာအောင် လုပ်နေမိခဲ့သည်။

ရွာမှာ ကိစ္စတြွေဖစ်တော့ မူပိုင်အတတ်နိုင်ဆုံးဖြေရှင်းနိုင်ခဲ့သည်။ပိုက်ဆံကိုသုံးပြီး ပါးစပ်ပေါက်တွေလဲ ပိတ်ခဲ့သည်။ မဖြေရှင်းနိုင်တာက ခံစားရသူမိန်းကလေးကိစ္စ တစ်နှစ်ကျော်ကြာအောင် အနိုင်ကျင့်ခံရမှုတွေကြောင့် ကလေးမလေးမှာ စိတ်အတက်အကျမမှန်ပဲ ဝေဒနာခံစားနေရတာကို မူပိုင် တွေ့ထဲက ခံစားမိခဲ့သည်။

ဒါကြောင့်ပဲ ရွာမှာမထားပဲ မြို့ကိုခေါ်လာခဲ့ပြီး စောင့်ရှောက်ပေးဖို့ စီစဉ်ခဲ့လိုက်သည်။ဘာမှခိုးကြောင်ခိုးဝှက်လုပ်မရတဲ့ မူပိုင်အဖြစ်က ကောင်မလေးကိုခေါ်လာပြီး ဈေးစဝယ်ပေးထဲက မမဆီမှာအမိခံလိုက်ရသည်။

မမက မူပိုင်ဖြေရှင်းပေးလျှင်ကောင်းကောင်းနားလည်ပေးနိုင်တာသူသိပြီးသားဖြစ်သည်။ စိတ်မချရတာကကောင်မလေးရဲ့ စိတ်အခြေအနေဖြစ်သည်။လိုအပ်သည်များကို ဆေးစစ်ပြီးသေချာစောင့်၍ ဆောင်ရွက်ရပါသည်။

ဆေးစစ်ပြီးနော် မူပိုင်မြွေပေါက်ခံရပါသည်။ဘယ်လောက်ကံဆိုးရှာတဲ့ ကလေးမလေးလဲ။လူယုတ်မာရဲ့ သွေးသားကိုကိုယ်ဝန်လွယ်ထားရပါသည်။

“သမီးလေး မူပိုင်ကိုပြော၊
သမီးလေးဘယ်လိုလုပ်ချင်လဲ။
မူပိုင်တို့အကောင်းဆုံးဆောင်ရွက်ပေးပါမယ်”

ကလေးမလေးက ဗိုက်ထဲက ကလေးကိုမဖျတ်ချချင်ပါ။အသက်တစ်ချောင်းကိုကယ်တင်ချင်ခဲ့သည်။

မွေးပြီးမှသာ ကောင်းတဲ့မိဘတွေရှာပေးလိုက်ပါတဲ့လေ။

ဒါဆိုရင်တော့ ဒိကလေးနှစ်ယောက်လုံးကို မူပိုင်မွေးစားဖို့ပဲဆုံးဖြတ်လိုက်သည်။ဗိုက်ထဲကကလေးကိုတော့ မူပိုင်သွေးသားအဖြစ်ဖော်ပြလိုက်မည်။ကလေးမလေးကိုတော့ ပညာထပ်မံသင်ကြားနိုင်ရန်ထောက်ပံ့ပြီး နိုင်ငံခြားပညာတော်သင်လွှတ်နိုင်ရန် မူပိုင်လုံးပမ်းရမည်။
မမဆီကစိတ်ပျက်မှုလေးအနည်းငယ်လောက်တော့ ခံရလိမ့်မည်။ဒါပေမဲ့ မမကသူကို ပစ်ခွာသွားမည်တော့မဟုတ်ပါ။

မောင်ရှိရာအရပ်သို့ မျက်နှာမူ၍ (Complete)Where stories live. Discover now