အပိုင်း(5)Uni

716 45 0
                                    

အိမ်ရှေ့ကလူရိပ်ဝင်လာတာကို မြင်၍ မအေးထွက်လာတော့ မူပိုင်ပြန်ရောက်လာသည်။

“မူပိုင် ပြန်လာတယ်။နေဦး မမကြီးကို ချက်ချင်းသွားခေါ်လိုက်မယ်”

“နေနေ မအေး၊မူပိုင် အဝတ်လာယူတာ မမဝယ်ပေးတဲ့အဝတ်မဟုတ်ရင် ဝတ်ရအဆင်မပြေလို့”

“မူပိုင် ပြန်သွားဦးမှာလား။
မမကြီး အစာစားမဝင်တာကြာပြီ မူပိုင်။
မမကြီးကို မသနားတော့ဘူးလားဟင်”

“ဒါ မူပိုင်ကိစ္စပါ မအေး”

“အင်းပါ မအေးတော့ မမကြီးကို တအားသနားတာပဲ။
တစ်နေ့တစ်နေ့ ငူငူငိုင်ငိုင်နဲ့ ငိုချည်းနေတော့တာပဲ။”

“အင်း”

မူပိုင်က ပြောပြီး အိပ်ခန်းဘက်သို့ လှမ်းသွားသည်။

မအေးစိတ်ထဲတော့ မူပိုင်ရဲ့ အေးစက်မှုကို ကြောက်မိပါသည်။မမကြီးကိုပို၍ပင် သနားမိလာသည်။

မူပိုင်အခန်းထဲဝင်လိုက်တော့ မီးများမဖွင့်ထား ပြတင်းတံခါးများမဖွင့်ထား လိုက်ကာများတောင် တင်ထားခြင်းမရှိပါ။

အပြင်မှာနေပူနေတာမို့ တိုးဝင်နေတဲ့ အလင်းငယ်ကိုသာ အားကိုးလိုက်ပြီး သေချာကြည့်မှ တွေ့ပါသည်။

နှစ်ယောက်အိပ် ကုတင်ခြေရင်းမှာ ခွေခွေလေးအိပ်နေတဲ့ မူပိုင်ချစ်ရသူရယ်ပါ။

သေချာကြည့်တော့ ငိုနေရင်း ပင်ပန်းပြီး အိပ်ပျော်သွားပုံပေါ်ပါသည်။

မူပိုင့်အသက်လဲ အလွန်စိတ်ပင်ပန်းနေမည်ဆိုသည်မှာ သေချာပါသည်။

ကုတင်ခြေရင်းကကပ်လျက်ခုံပေါ် မူပိုင်အသာလေးထိုင်လိုက်သည်။မမကို မနိုးသွားစေချင်ပါ။
မူပိုင်မမက ဒီရက်ပိုင်းအတွင်း အလွန်ပိန်သွားတာပါလား။

၁၆နှစ်အရွယ် ကလေးမတစ်ယောက်ရဲ့ ရူးသွပ်မှုကို လက်ခံပြီးချစ်မြတ်နိုးပေးခဲ့တဲ့ မူပိုင်ရဲ့  ချစ်မူပိုင်ရှင်ပါ။

မူပိုင်မှတ်မိပါသေးသည်။ မမ ညနေခင်းလမ်းလျှောက်ထွက်တိုင်း အနောက်က တကောက်ကောက် လိုက်ချောင်းမိတဲ့အချိန်တွေကို… ငချွတ်လေးမို့ အနားကပ်စကားမပြောရဲခဲ့ပဲ မသိမသာလိုက်ချောင်းနေခဲ့တဲ့ မူပိုင်ကို မမကစစရက်ထဲက သတိထားမိခဲ့တာတဲ့လေ။

မောင်ရှိရာအရပ်သို့ မျက်နှာမူ၍ (Complete)Where stories live. Discover now