အပိုင်း(8)Uni

739 45 0
                                    

တိမ်စိုင်တွေဟာ သူတို့ဖြတ်သန်းသွားတဲ့နေရာတွေကို နောက်တစ်ခါပြန်မရောက်တတ်ဘူးတဲ့။နေရောင်ရဲ့ အားထုတ်မှုအပေါ် မူတည်ကာ အရောင်ပြောင်းပြီး ခပ်ဝေးဝေးကို လေတိုက်နှုန်းနှင့်အတူ မျောလွင့်နေတတ်ပါသည်။

မောင်ဟာ တိမ်စိုင်လေးမဟုတ်ပဲ မူပိုင်လေးဖြစ်နေလို့သာတော်ပါသေးသည်။ထို့ကြောင့်သာ မောင့်ကိုသူမကထွေးပွေ့ခွင့်ရသည်။မောင့်ကိုချစ်ခွင့်ရခဲ့သည်။မောင့်ကိုနွေးထွေးမှုတွေနဲ့ လွှမ်းခြုံထားနိုင်ခဲ့သည်။

အရှေ့အရပ်မှ တိုက်ခတ်လာသောလေနဲ့အတူ တိမ်ညိုများက မိုးသက်မုန်တိုင်းအဖြစ် မြေပြင်ကို ထင်တိုင်းကြဲကာရွာသွန်းနေပါတော့သည်။
မိုးကြိုးများ တဖြတ်ဖြတ်လက်၍ သစ်ပင်များယိမ်းနွဲ့ကာ တစ်ပင်နှင့်တစ်ပင် တိုက်ခတ်နေသည်က ကြောက်စရာကောင်းလှပါသည်။

သူမတစ်ယောက်ထဲဖြစ်နေသည့် အချိန်ကိုမှရွေး၍ မိုးနတ်မင်းကရက်စက်လေသည်။မအေးက ရွာမှာကျန်ခဲ့တဲ့ အမေဖြစ်သူကို ပြုစုစောင့်ရှောက်နေသည် အကိုက လယ်ထဲမှာထိခိုက်ဒဏ်ရာရတာကြောင့် ချက်ချင်းရွာသို့ပြန်သွားရပါသည်။

မောင်ရှိနေစဉ်က ……အင်း မောင့် သူမနားအမြဲရှိနေစဉ်ကတော့ မအေးမှာ ရွာကိုမကြာခဏ ပြန်ခွင့်ရပေမဲ့ မောင်မရှိချိန်မှာတော့ မအေးက အလိုက်တသိ ရွာပြန်ချင်ကြောင်းမဖွင့်ဟခဲ့ပါ။သူမနားသာ အမြဲတစေ ရှိနေပေးခဲ့သည်။ခုတော့ မအေးမှာလဲ ရုတ်ချည်းအဖြစ်အပျက်ကြား စိတ်အပူလွန်ကာ မိဘအိမ်သို့ အစောတလျင်ပြန်ရတော့သည်။ သူမကိုတစ်ယောက်ထဲ စိတ်မချကြောင်းလဲ ထပ်ခါထပ်ခါပြောကာ ကိစ္စများပြီးတာနဲ့ ပြန်လာမည်ဖြစ်ကြောင်းလဲ ထပ်ခါထပ်ခါရွတ်ကာ ပြန်ချေပြီ။

ရယ်တော့ ရယ်ရပါသည်။မောင်ကိုယ်တိုင်တောင် စိတ်ချကြည်ဖြူစွာ ပစ်ထားခံရတဲ့ သူမကို မအေးမှာ ကလေးတစ်ယောက်လို စိတ်ပူနေပါသည်။သံယောဇဉ်တွေ တွယ်တာကြသည့် အခါ ထို့သို့ နွေးထွေးမှုများလဲရှိပါသေးသည်။

မောင်ကကော သူမကို သံယောဇဉ်ကုန်ခမ်းနေလေပြီးလား။ဒီလောက်မိုးသည်းကြီးမဲကြီးကြားမှာ သူမတစ်ယောက်တည်းတုန်လှုပ်နေရပါသည်။တစ်ယောက်ထဲ ဆိုသည်အသိက ကြောက်ရွံမှုများကို အဖော်ခေါ်ပေးပါသည်။
ခုချိန်လောက်ဆိုမောင်က ထို့မိန်းကလေးနှင့်အတူ တီတီတာတာစကားများ ဖောင်ဖွဲ့နေရောမည်ဖြစ်သည်။

မောင်ရှိရာအရပ်သို့ မျက်နှာမူ၍ (Complete)Where stories live. Discover now