“မမကို မင်္ဂလာဦးအမှတ်တရတွေ ပြန်မှတ်မိအောင်လုပ်ရမယ်…ဟား..ဟား….ဟား”
ပုခုံးကို အသာမြှောက်မြှောက်ပြီး ရယ်သည်။
မောင့်စကားသံကိုကြားပြီး သူမရှက်သွေးပိုရပါသည်။
လွန်ခဲ့သော အချိန်က ညတစ်ညအကြောင်းခေါင်းထဲရောက်လာသည်။
မောင်နှင့် သူမ ထွက်ပြေးလာကြတုံးကပေါ့။ဦးတည်ရာမရှိစီးလာတဲ့ကားလို့ထင်ခဲ့တာက မှားနေခဲ့သည်လေ။မောင်ဝယ်ထားတဲ့ အိမ်ကလေးရှိရာမြို့ဖြစ်နေခဲ့တာပေါ့။
ကားအဆင်သင့်ရှိနေတာကသာ တိုက်ဆိုင်မှုဖြစ်ခဲ့တာပါ။ကားလေးကမြို့ကိုဆိုက်ရောက်တော့ ညမိုးချုပ်နေခဲ့ပြီလေ။ သူမကအကြီးဖြစ်တာမို့ ဦးဆောင်ရမည်လို့ တွေးနေတုံး။မောင်ကသာ သူမလက်ကိုဆွဲပြီး ဦးဆောင်ခဲ့သည်။
အိမ်လေးသို့မရောက်ခင် တွေ့တဲ့ဆိုင်က ခေါက်ဆွဲထုတ်တွေဝယ်ကာ အိမ်ကလေးကိုရောက်လာကြသည်။မီးအဆင်သင့် ရေအဆင်သင့်ဖြစ်ရန် မောင်ကကြိုတင်ပြင်ဆင်ထားခဲ့ပြီးသားတဲ့လေ။သူမကိုစတွေ့တဲ့နေ့ထဲက တစ်နယ်တစ်ကျေးမှာ ဒီလိုကြိုပြင်ဆင်နေခဲ့ပါသည်တဲ့။
ဘယ်လောက်တောင် ရဲတင်းတဲ့ ယုံကြည်မှုပြင်းထန်မှုများပါလဲလေ။သူမသာ မောင့်အချစ်ကို ငြင်းဆန်ခဲ့ရင် ဒီအိမ်လေးကို အခြားမိန်းကလေးတစ်ယောက်ရောက်လာမလား။
အိမ်ထဲရောက်တာနဲ့ မီးတွေဖွင့် ရေတွေတင်ပြီး သူမကိုရေချိုးစေသည်။နောက်တော့ မောင်လဲချိုးသည်။မောင်ကိုယ်တိုင် ခေါက်ဆွဲပြုတ်ပေးသည်။အဲတစ်ချိန်တော့လွဲခဲ့ပါသည်။ မောင့်ကိုအချက်အပြုတ်ကျွမ်းမည်လို့ သူမသတ်မှတ်မိသေးတာကို။
ခေါက်ဆွဲပြုတ် စားပြီးနောက် မောင့်ရဲ့ အကြင်နာရေယာဉ်မှာ သူမလိုက်ပါပျော်ဝင်စီးနင်းရပါတော့သည်။
“ဘာတွေတွေးနေတာလဲ”
သူမအတွေးလွန်နေစဉ်တွင် ခေါက်ဆွဲပြုတ်ပန်းကန်များက သူမရှေ့ရောက်နေပြီးဖြစ်သည်။
မောင်က သူ့ပန်းကန်ထဲပါသွားတဲ့ ကြက်ဥအနှစ်များကို သူမပန်းကန်ထဲပြန်ထည့်ပေးသည်။
YOU ARE READING
မောင်ရှိရာအရပ်သို့ မျက်နှာမူ၍ (Complete)
Roman d'amourအခက်အခဲတွေကြားက ခိုင်ခိုင်မာမာတည်ဆောက်ထားတဲ့ မူပိုင်ရှင်နှင့် သက်သက်မာဆိုတဲ့ မိန်းကလေးနှစ်ယောက်ရဲ့ ၁၀နှစ်ကြာအိမ်ထောင်သက်တမ်း။ တစ်ရက်တော့ ဈေးဝယ်ဖို့အသွား မူပိုင်လက်ကိုကောင်မလေးတစ်ယောက်က ချိတ်ကာ ပျော်ရွှင်စွာ စကားပြောနေကြသည်ကို မျက်မြင်ကိုယ်တိုင်တွေ့ခ...