"မောင်"
သူမတိုးဖွစွာ နှုတ်ခမ်းပါးက ချစ်ရသူ၏အမည်နာမကို ရွတ်ဆိုမိပါသည်။ပုံမှန်အချိန်မျိုးဆိုရင်တော့ မောင့်ကိုမြင်လိုက်တာနဲ့ အေးချမ်းမှုကိုအရင်ဆုံးရှာတွေ့ရပြီး စိတ်အတွင်းသို့နွေးထွေးမှုက တစ်ပါးထဲကပ်ခါပါလာတတ်ပေမဲ့ မြင်နေရတဲ့မြင်ကွင်းကြောင့် သူမတုန်လှုပ်မှုကိုဦးစွာခံစားရပါသည်။
ရုံးကိုရောက်ပြီး အလုပ်ပုံကြားထဲခေါင်းနှစ်ထားရမည့် မောင်က ဈေးဝယ်စင်တာတစ်ခုရဲ့အလယ်မှာ အမျိုးသမီးငယ်တစ်ယောက်နဲ့ဘာကြောင့်ရောက်နေရပါသလဲ။
ပြီးနောက် ထို့အမျိုးသမီးငယ်လေးက မောင့်လက်မောင်းကိုဘာကြောင့်များ ချိတ်ဆွဲထားရပါသလဲ။
သူမကရော တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ကိုမှရွေး၍ လိုအပ်သည်များကိုဝယ်ယူရန် ဒီမြင်ကွင်းကိုမြင်တွေ့ရန် ရောက်ရှိနေရပါသလဲ။
အရေးမကြီးသည်များကို ဝယ်ယူရန် စိတ်စောမိသည့် သူမကိုသူမအရင်ဆုံး ဒေါသထွက်မိပါသည်။
ကော်ဖီဆိုင်ထဲဝင်၍ ကော်ဖီတစ်ခွက်သောက်မိသည်က ဒီမြင်ကွင်းကိုမြင်ရန် ပို၍အချိန်ဆွဲပေးခဲ့လေသည်။
ရင်ထဲမှာဗလောင်ဆူလာတဲ့ ရိုက်ခတ်မှုဟာ မောင့်ကိုသူမ ဆုံးရှုံးရတော့မည်လားဆိုတဲ့ အတွေးကို ဦးနှောက်ဆီသို့ တွန်းပို့လာပါတော့သည်။
မဖြစ်ပါ။ မဖြစ်နိုင်ပါ။ သူမသည် မောင်မရှိပဲမနေနိုင်ပါ။ မောင်သည်လည်း သူမမရှိပဲမနေနိုင်ပါ။ ဒါဟာသေချာသောအမှန်တရားဖြစ်သည်။
ဒါဆိုဘာကြောင့်များကြောက်ရွံစိုးထိတ်မိပါသလဲ။ သေချာတာကတော့ ရှေ့မှာအမျိုးသမီးတစ်ယောက်နဲ့ ပြုံးရယ်ကာ စကားပြောနေတဲ့သူဟာ မောင်ပဲဆိုတာပိုပြီး ပေါ်လွင်လာလို့ဖြစ်ပါမည်။မနက်ကဝတ်ဆင်သွားတဲ့ အဝတ်အစားနဲ့ရှည်လွန်သော အရပ်ဟာ မောင်မှမောင်အစစ်ဖြစ်ပါသည်။
လက်ထပ်ပေါင်းသင်းနေကြသည်မှာ ၁၀နှစ်ပြည့်ပြီးဖြစ်တဲ့ သူမရဲ့ မူပိုင်ရှင်စစ်စစ်ဖြစ်နေပါတော့သည်။
မဟုတ်ပါစေနဲ့လို့ ကပ်သပ်ကာတောင်းဆုပြု ဆုတောင်းနေရင်း အိတ်ထဲမှ ဖုန်းကိုထုတ်ကာ "မောင့်"လိုမှတ်ထားတဲ့နံပတ်ကလေးကိုနှိပ်လိုက်ပါတော့သည်။
YOU ARE READING
မောင်ရှိရာအရပ်သို့ မျက်နှာမူ၍ (Complete)
Romanceအခက်အခဲတွေကြားက ခိုင်ခိုင်မာမာတည်ဆောက်ထားတဲ့ မူပိုင်ရှင်နှင့် သက်သက်မာဆိုတဲ့ မိန်းကလေးနှစ်ယောက်ရဲ့ ၁၀နှစ်ကြာအိမ်ထောင်သက်တမ်း။ တစ်ရက်တော့ ဈေးဝယ်ဖို့အသွား မူပိုင်လက်ကိုကောင်မလေးတစ်ယောက်က ချိတ်ကာ ပျော်ရွှင်စွာ စကားပြောနေကြသည်ကို မျက်မြင်ကိုယ်တိုင်တွေ့ခ...