အပိုင်း(7)Uni

747 42 0
                                    

ဒုန်း

အိမ်ရှေ့တွင်ကြားရတဲ့ အသံကျယ်ကြီးကြောင့် မအေးကလက်ထဲက ဟင်းချက်ယောင်းမကြီးကိုင်၍ မီးဖိုချောင်းမှပြေးထွက်လာခဲ့သည်။
အသံပိုင်ရှင်က မူပိုင်ရယ်ပါ။

“ဘယ်မလဲ သက်သက်မာဆိုတဲ့ မိန်းမ”

“မူပိုင်…မူပိုင်… ဘာလို့လဲ ဘာလို့လဲ”

မအေးမှာ ‌လက်ထဲကယောင်းမကြီးတစ်ကားကားနဲ့ စကားအထစ်ထစ်အငေါ့ငေါ့ဖြင့် မူပိုင်ရှေ့တွင် ယောက်ယက်ခတ်နေသည်။

“ဘယ်မလဲ လို့ အဲမိန်းမ”

မူပိုင်က ဒေါသသံကျယ်ကြီးနှင့် တစ်အိမ်လုံးကြားအောင်အော်ဟစ်နေသည်။

“မမ….မမကြီး ဘုရား…ဘုရားရှိခိုးနေတယ်လေ မူပိုင်ဘာဖြစ်လို့လဲ”

“ဆင်းလာခဲ့ ….. ဆင်းလာခဲ့ အခုချက်ချင်း”

“ဘာတွေများဖြစ်လာတာလဲ မောင်ရယ်”

မမကြီးက အပေါ်ထပ်မှ အသာအယာလေး ဆင်းလာရင်း ဆိုသည်။မအေးလို  ထိတ်လန့်မနေပါ။ပြုံးယောင်ယောင်နှုတ်ခမ်းများတောင်ဖြစ်နေပါသေးသည်။

“ခင်ဗျား မနေ့ညက ဘယ်သွားသလဲ။ဘာလုပ်သလဲ။”

မမကြီးက မဖြေပါ။ မူပိုင်ကဒေါသပိုထွက်လာသည်။ ပိုဆိုးလာလျှင်တော့ မတတ်နိုင်ပါ။ မူပိုင်ကိုလဲ လက်ထဲကယောင်းမဖြင့် တီးပစ်မယ်လို့ မအေးတွေးလိုက်သည်။

“ဟမ်၊ ဘာလုပ်သလဲလို့၊ခင်ဗျားကြီး မဖြေနိုင်ဘူးလား ၊ ဟမ်”

မူပိုင်ကရှေ့ကိုတိုးဖို့လုပ်တော့ မအေးကရှေ့ကပိတ်ကာထားသည်။

မအေးတောင်မမှီတဲ့ မမကြီး အရပ်ထက်ပင် ပိုလို့တောင်ရှည်တဲ့ မူပိုင်ရှေ့ ပိတ်ရပ်ထားရတာလွယ်တော့မလွယ်ပါ။မူပိုင်က မအေးခေါင်းပေါ်ကကျော်၍ မမကြီးကိုအတိုင်းသားကို မြင်နေရပြီးသားဖြစ်နေသည်။မတတ်နိုင်ပါ။ပိုဆိုးလာရင်တော့ ခွဲထားတဲ့ဒဏ်ရာကို ခေါင်းနဲ့ပိတ်တိုက်ပစ်လိုက်ရမည်ဖြစ်သည်။

“မောင်မကျေတဲ့ တာဝန်တွေကို မမကူပေးတာလေ၊ဘာလုပ်လို့လဲ”

“ဘာတာဝန်လဲ ၊ခင်ဗျားကြီး”

မောင်ရှိရာအရပ်သို့ မျက်နှာမူ၍ (Complete)Where stories live. Discover now