အပိုင်း(2)Uni

880 55 0
                                    

"တီ တီ"

ခြံရှေ့ကကားဟွန်းသံကြောင်း မအေးက ခြံတံခါးလာဖွင့်ပေးသည်။

ကားရပ်ကာ တံခါးဖွင့်ပြီး မြေပြင်သို့ ခြေမချခင် အိမ်ထဲမှ တီးခတ်နေတဲ့ ပီယာနိုသံကိုကြားရသည်။

တစ်ချက်ပြုံး၍ ကားပေါ်မှဆင်းကာ အိမ်ထဲဝင်လာခဲ့သည်။

ဂီတသံဟာ တစ်အိမ်လုံးကို လက်ရာပိုင်ရှင်အတိုင်းပင် လှပတင့်တယ် ကျက်သရေရှိစွာ ကပြနေလေသည်။

ဂီတသံတွင် နူးညံ့မှုတို့တော့ ပျောက်ဆုံးနေလေသည်။

မူပိုင်ရှင် ခန့်မှန်းမိပါသည်။ ချစ်မြတ်နိုးရတဲ့ မူပိုင်ရဲ့အသက်က မူပိုင်အပေါ်တစ်ခုခုစိတ်အလိုမကျဖြစ်နေပြီးဆိုတာ

"ချော့ပေးဦးတော့ မူပိုင်ရေ"

ဟုတိုးတိုးရေရွတ်ရင်း ချစ်ရသူဆီ လျှောက်လာခဲ့သည်။

ဧည့်ခန်းကိုဝင်လာတော့ ပီယာနိုရှေ့ထိုင်နေတဲ့ မမက နောက်ဆုံးစီးချက်ကို တီးခတ်ကာ ပီယာနိုခုံကိုပိတ်ချလိုက်သည်။

မမရဲ့ ကျောပြင်ဟာအေးစက်မှုကို မူပိုင်ခံစားလိုက်ရသည်။

"မမ"

သူမက မူပိုင်ရှိရာသို့ ချက်ချင်းလှည့်လာသည်။

"မောင် ရောက်ပြီပဲ
ထမင်းစားတော့မလားမောင်
မောင်ကြိုက်တဲ့ဟင်းလေးချက်ထားတယ်"

သူမရဲ့ ထိန်းချုပ်ထားမှုဟာ မတည်ငြိမ်ပါ ။
သို့သော် သူမပြောသည်စကားများကြောင့် မောင် ထမင်းစားမဝင်တော့မှာကိုတော့ အရင်စိတ်ပူပါသည်။

"မောင်စားခဲ့ပြီလေ မမရဲ့
မောင်ပြောပါကော ဧည့်သည်တွေနဲ့ချိန်းထားတာရှိပါတယ်လို့
ခုထိမမကမစားရသေးဘူးလား ။
၈နာရီပဲထိုးတော့မယ်"

မူပိုင်က သူလက်ကနာရီကိုကြည့်ရင်း

"မမမစားရသေးရင် မောင် ကျွေးမယ်လေ မောင်လဲ တစ်လုတ်နှစ်လုတ်ထပ်စားတာပေါ့ ။ လာ"

မူပိုင်က သူမရဲ့ ခါးကို ဆွဲကာ ထမင်းစားခန်းသို့ သွားရန်ပြင်သည်။

သူမကမလှုပ်မရှား အဲနေရာတွင် ရပ်နေသည်။
မူပိုင်ကာ ရင်ခွင်ထဲ ထည့်ကာ နဖူးသို့နမ်းရန် ပြင်ချိန်မှာတော့

မောင်ရှိရာအရပ်သို့ မျက်နှာမူ၍ (Complete)Where stories live. Discover now