အပိုင်း(12)End Uni

3.3K 117 6
                                    

ဆေးရုံးမြေအောက်ထပ် ကားရပ်လိုက်သည့်နှင့် မအေးကိုစောင့်မနေတော့ပါ။စိတ်တွေက မောင့်ဆီသာရောက်နေသည်။

ဓာတ်လှေကားစောင့်နေရတာ အလွန်ကြာလွန်းသည်။လှေကားမှတက်ရန် လှည့်ထွက်မှ တံခါးပွင့်လာသည်။တက်လိုက်တော့ မအေးပါကပ်၍လိုက်ဝင်လာသည်။

“စိတ်လျော့ပါ မမကြီးရယ်
မူပိုင်ကိုယ်တိုင်ဆက်တာဆိုရင် သူထိခိုက်တာမဟုတ်လောက်ဘူး”

“မောင်ငိုနေတာပဲ တို့သိတော့တယ်”

ဓာတ်လှေကားတံခါးပွင့်လာသည်နှင့် ဧည့်ကြိုကောင်တာသို့ အပြေးလေးသွားရသည်။

“မူပိုင်….မူပိုင်…ဘယ်အထပ်မှာလဲရှင့်”

“ရှင်”

ဧည့်ကြိုဝန်ထမ်းအမျိုးသမီးမှနားလည်ပုံမပေါက်ပါ။

“ဈေးပိုင်ကြီးကိုပြောတာ”မအေးက ဝင်ပြောပေးသည်။ဈေးပိုင်ကြီးဆိုလျှင် မသိသူသိပ်မရှိပါ။

“ဈေးပိုင်ကြီးက ၃ထပ်ကခွဲစိတ်ခန်းမှာပါ”

“ရှင်”

“ခွဲစိတ်တာစောင့်နေတာပါ”

တော်ပါသေးသည်။မောင် ဘာမှကြီးကြီးမားမားမထိခိုက်ထားပါစေနဲ့လို့ ဆုတောင်းကာ မောင်ရှိရာ အပြေးလာရတော့သည်။

ဓာတ်လှေကားက ၃ထပ်မြောက်မှာပွင့်သွားသည်။အလျင်စလိုထွက်ပြီး မောင့်ကိုရှာရသည်။
ထောင့်ချိုးကိုကွေ့ချလိုက်တော့ တွေ့ပါပြီ ခွဲစိတ်ခန်းရှေ့က လူနာစောင့်ထိုင်ခုံတန်းမှာ ခေါင်းငိုက်စိုက်ကျနေတဲ့ မောင်။

“ကလေးလေး မမကလေးလေး”ပြေးကာမောင့်ရှေ့ရပ်လိုက်သည်။

မောင့်အကျီတွေလဲ သွေးတွေနဲ့နီရဲနေသည်။မျက်နှာမှာလဲ သွေးရာများဖြင့်
မောင့်ရှေ့ဒူးညွှန့်ထိုင်ကာမောင်မျက်နှာကိုဆွဲမော့လိုက်ရသည်။မျက်ရည်တွေနဲ့ ပြည့်နေတဲ့မောင့်မျက်ဝန်းတွေ

“ပြစမ်း…ပြစမ်း….ဘယ်နားတွေထိခိုက်တာလဲ မမကိုပြစမ်းပါ”

ဒဏ်ရာဒဏ်ချက်ကိုမတွေ့ရပါ။မျက်ဝန်းကတော့ ရင်ထဲက ဒဏ်ရာတွေကိုပြနေသည်။

မောင်ရှိရာအရပ်သို့ မျက်နှာမူ၍ (Complete)Where stories live. Discover now