"မောင်ရှိရာအရပ်သို့ မျက်နှာမူ၍" ဆိုတဲ့ဇာတ်လမ်းလေးကို ဖတ်ရှူပြီးလို့ သဘောကျနှစ်သက်ပါတယ်ဆိုတဲ့ သူများအတွက်ပါ။
သက်မာနဲ့မူပိုင်ဆို့ရဲ့ ဇာတ်ကြောင်းလေးကိုဖော်ပြခြင်းက တဂယ်တော့ ဇာတ်လမ်းတစ်ခုအစပျိုးဖို့အတွက် ရေးသားခြင်းဖြစ်ပါတယ်။
ဇာတ်လမ်းက ဖတ်ရတာ တိုမှာပါ။ဘာလို့လဲဆိုတော့ သက်မာနဲ့မူပိုင်ကြားမှာရှိတဲ့မေတ္တာ၊ချစ်သက်မူပိုင်လေးက ဘယ်လိုရလာတဲ့ကလေးလဲ၊လှရည်သောင်းနဲ့ဘယ်လိုပတ်သတ်သလဲဆိုတာကို ဖော်ပြချင်လို့ ဇာတ်လမ်းအစရေးခဲ့တာပါ။
ကျွန်တော်အခု ongoing ရေးနေတဲ့
"ကြယ်ရောင်စုံညီ......လင်းသောကြောင့်"ဆိုတဲ့ ဇာတ်လမ်းလေးကို ဖတ်ကြည့်ဖို့ ပြောချင်ပါတယ်ဗျ။ချစ်သက်လေးမွေးပြီး နောက်8နှစ်ကိုဦးတည်ပြီး ရေးထားတဲ့ဇာတ်လမ်းပါ။
ကာရိုက်တာတွေအများကြီး ပါလာပါမယ်။
သေချာပေါက်ကို သက်မာနဲ့မူပိုင်လည်းပြန်ပါလာမှာပါ။
ချစ်သက်လေးက 8နှစ်အရွယ်မှာ ဘယ်လိုကလေးလေးဖြစ်နေမလဲဆိုတာကို ပြန်တွေ့ရပါမယ်။
ပြီးတော့ လှရည်သောင်းအတွက် ဒီတိုင်းက ဇာတ်သိမ်းကောင်းတစ်ခုမဟုတ်သေးပါဘူး။
နောက်8နှစ်မှာ ဘာတွေတွေ့ကြုံရမလဲ၊ဘာတွေဖြစ်မလဲဆိုတာကို သိချင်ရင်
"ကြယ်ရောင်စုံညီ....လင်းသောကြောင့်"ကိုဖတ်ကြည့်ပါဗျ။အချိန်ပေးရကျိုးနပ်မယ်ဆိုတာ ကျွန်တော်ရဲရဲကြီး အာမခံရဲပါတယ်။
ကျွန်တော်မြင်တဲ့ မေတ္တာတွေအကြောင်း ပေါပေါသီသီရေးထားပါတယ် ချစ်စရာကောင်းမယ်၊ကြည်နူးစရာကောင်းမယ်။
သေချာပေါက် အချစ်ဖြစ်တဲ့အတွက် အလွမ်းအဆွေးလေးတွေပါပါမယ်။
ဘဝအမောပြေစေမယ် ချစ်စရာအကြောင်းအရာလေးတွေ၊ရယ်စရာလေးတွေပါပါမယ်။
ကာရိုက်တာတစ်ခုချင်းဆီရဲ့ ဆွဲဆောင်မှုရှိတာကို ခံစားရစေမှာပါ။
မဖြစ်မနေဖတ်ပါလို့တော့ မပြောချင်ပါဘူး။
သို့သော်ငြားလည်း ဒီဇာတ်လမ်းကိုဒီနားမှာတင် ပြီးသွားတာကို မကျေနပ်ဘူးဆိုရင် ဖတ်ကြည့်ကြည့်ပါ။
အချိန်ကုန်ရကျိုးတဂယ်နပ်စေရပါမယ်ဗျ။
Mg Shine
..............................
ကျွန်တော်မြင်တဲ့ မေတ္တာတွေအကြောင်း ပေါပေါသီသီရေးထားတဲ့ ချစ်စရာကောင်းမယ်၊ကြည်နူးစရာကောင်းမယ်။
Mg Shine
YOU ARE READING
မောင်ရှိရာအရပ်သို့ မျက်နှာမူ၍ (Complete)
Romanceအခက်အခဲတွေကြားက ခိုင်ခိုင်မာမာတည်ဆောက်ထားတဲ့ မူပိုင်ရှင်နှင့် သက်သက်မာဆိုတဲ့ မိန်းကလေးနှစ်ယောက်ရဲ့ ၁၀နှစ်ကြာအိမ်ထောင်သက်တမ်း။ တစ်ရက်တော့ ဈေးဝယ်ဖို့အသွား မူပိုင်လက်ကိုကောင်မလေးတစ်ယောက်က ချိတ်ကာ ပျော်ရွှင်စွာ စကားပြောနေကြသည်ကို မျက်မြင်ကိုယ်တိုင်တွေ့ခ...