အပိုင်း(6)Uni

1.4K 90 1
                                    

မောင်ဟာ မိသားစုဘဝလေးကို အလွန်လိုချင်တဲ့သူပါလေ။ဆည်းလည်းသံလေးတွေ အပြည့်နဲ့ အိမ်ကလေးကို မောင်ကသိပ်မက်မောသည်တဲ့လေ။

သူမမိသားစုရဲ့ ပစ်ပယ်မှုကြောင့် သူမသည်လည်း တစ်ကောင်ကြွက်၊ မောင့်မိသားစုများရဲ့ ဆုံးပါးမှုကြောင့် မောင်သည်လည်းတစ်ကောင်ကြွက် နှစ်ကောင်ကြွက်ဘဝလေးနဲ့တော့ မတင်းတိမ်ပါတဲ့။

“မမနဲ့ မောင့်သွေးသားလေးတွေကို တတ်နိုင်သလောက်မွေးကြရအောင်၊ မမကောသားသမီးတွေကို မျက်နှာမငယ်ရအောင် မောင့်ထားပါမယ်နော်”

မောင့်ရဲ့ တောင်းဆိုသံများကို သူမသတိရပါသေးသည်။သူမသည်လည်း မောင့်ရဲ့သွေးသား မူပိုင်ပေါက်စလေးများကို မောင့်အတွက်အများကြီးမွေးပေးချင်ခဲ့သူပါ။

သို့သော်လည်း လွယ်ကူစွာဖြစ်ပေါ်မည်တော့မဟုတ်ပါ။ကုန်ကျစရိတ်ကကြီးမားတာကြောင့် မောင့်မှာ အလွန်ကြိုးစားခဲ့ရသည်။သူမအပေါ်လည်း တာဝန်မကျေမှုနည်းနည်းမှမရှိခဲ့ပါ။ကြီးရင်မှီ ငယ်ရင်ချီဆိုပေမဲ့ မောင်သည် သူမမှီခိုရန် ရှေ့ကမားမားမတ်မတ်ရပ်တည်နိုင်ခဲ့သည်။သူမသည်လဲ မောင်နောက်ကအမြဲအသင့်ရှိနေခဲ့ပါသည်။

“မောင့်ကြိုးစားပြီး ငွေတွေရှာနေတယ်ဆိုတာက မောင့်တို့က ကုန်ကျစရိတ်များများသုံးနိုင်မှာ မမရဲ့ သိရဲ့လား။ပြည့်စုံသွားတာနဲ့ နိုင်ငံခြားသွားမယ်။ ကလေးလေးမွေးရအောင်နော်”

“မောင့် သဘောပါကွယ်”
သူမဘဝတွင် မောင့်အပျော်သည် သူမအပျော်ဖြစ်သည်။မောင့်ဝမ်းနည်းမှုသည် သူမဝမ်းနည်းမှုဖြစ်ခဲ့သည်။

မောင်ကြိုးစား ရှာဖွေပြီး ပြည့်စုံချိန်မှာ ဆေးစစ်ပြီးဆောင်ရွက်ကြတော့ သူမဟာ ကိုယ်ဝန်မဆောင်နိုင်တဲ့သူဖြစ်နေပါသည်။

မောင့်ကိုအားတုံ့အားနားကြည့်မိတော့ မောင်က အားတင်းကာပြုံးပြသည်။မောင်အလိုချင်ဆုံးအရာကို မယူပေးနိုင်ခဲ့တာကို သူမအလွန်အားနာဝမ်းနည်းမိပါသည်။မောင်သွေးသားကို သူမအသက်ရင်း၍ မွေးချင်ပါသည်။မူပိုင်ပေါက်စလေးရဲ့ ချွဲနွှဲ့မှုကို လိုချင်ခဲ့ပါသည်။

မောင်ရှိရာအရပ်သို့ မျက်နှာမူ၍ (Complete)Where stories live. Discover now