အပိုင်း(10)Uni

836 41 0
                                    

“မမကြီး….မမကြီး”

အသံတဆာဆာ အထုပ်တွေပလုံတွေအပြည့်ကြား လူပျောက်နေတဲ့ မအေးရဲ့ ခေါ်သံပါ။

“တို့ ဒီမှာလေ”

ဟင်းချက်နေရင်း ပြောကာ မီးကိုပိတ်လိုက်သည်။လက်ကိုအနားက လက်သုတ်ဝတ်နဲ့ သုတ်လိုက်ပြီး ဧည့်ခန်းသို့ထွက်လာသည်။

“ဘာတွေအများကြီး သယ်လာတာလဲ”

“သိဘူး မမကြီး ထည့်ပေးတာအကုန်ယူလာတာ။
မပြန်ပဲနေမလား ။ထည့်ပေးတာအကုန်ယူမလားဆိုတာနဲ့ ။သယ်မယ်ဆိုပြီးသယ်ပစ်ခဲ့တာ”

“ရောက်တုံး ရောက်ခိုက် နားနားနေနေ နေခဲ့ပေါ့။မအေးရဲ့
တို့တစ်ယောက်ထဲ ဖြစ်ပါတယ်။
အကိုကောသက်သာလား”

“ဘာမှမဖြစ်ဘူး၊ခြေခေါက်လေးခေါက်တာကို အမေကအစိုးရိမ်လွန်တာ
မအေးကိစ္စထားပါဦး….ပြပါဦးမမကြီးရဲ့”

“ဟင် ..ဘာ…ဘာ..ပြရမှာလဲ”

“မူပိုင်ကောင်မလေးလေ မမကြီးမှာပုံရှိတယ်မလား”

“ရှိတော့ ရှိပါတယ်။မအေးကဘာလုပ်မလို့လဲ”

"ပြမယ့်သာ ပြပါမမကြီးရယ်
ပြီးမှ မအေးကိုကျေးဇူးမတင်နဲ့နော်”

“နေဦး”

မအေးပုံက တားမရမည့်ပုံမို့ သူမဖုန်းထယူရသည်။မောင့်အကြောင်းကိစ္စလည်းဖြစ်နေတာကြောင့် သူမစိတ်ဝင်းစားမှုလေးရှိမိတာကိုဝန်ခံပါသည်။

ဖုန်းယူ၍ သူမ ဓာတ်ပုံအယ်လ်ဘမ်ထဲ ဝင်လိုက်သည်။

“ရော့ …ဒီမယ် တို့ရဲ့မောင်…ဒီဘက်ကသူမိန်းကလေးပေါ့”

မအေးက သေသေချာချာပြူးပြဲကြည့်ပါသည်။

“သေချာနေတာပဲ
ဒါအရီး မလှရီရဲ့ မြေးမအကြီးလေးပဲ ….မမကြီးရဲ့”

“ဟင်”

“မအေးပြောချင်တာက မူပိုင်ဖောက်ပြန်နေတာမဟုတ်ဘူး”

“ဒါတော့ တို့သိပါတယ်”

သူမသိပါသည်။မောင်က အရှုပ်တွေကြားနေထိုင်တတ်တဲ့သူမှမဟုတ်တာ။ဘဝကိုဖြောင့်ဖြောင့်မှန်မှန် ဖြတ်သန်းတတ်တဲ့သူပါ။ကံငါးပါးမှာ လုံအောင်ထိန်းတဲ့သူပါ။သူမကိုခိုးပြေးတာလေးကတော့ ချွင်းချက်ပေါ့။

မောင်ရှိရာအရပ်သို့ မျက်နှာမူ၍ (Complete)Where stories live. Discover now