Chapter.1

12.2K 213 7
                                    

Unicode

ချစ်ဇနီးငယ်

Chapter.1

ပေါ်တီကိုအောက်ကိုတရကြမ်းမောင်းဝင်လာသောကားအား သူမစိတ်ဝင်တစားလှမ်းကြည့်နေတုန်းမှာပဲ လူတစ်ယောက်ကကားပေါ်ကနေစမတ်ကျစွာဆင်းလာလေ၏။

အနက်ရောင်လည်ပိတ်ကိုယ်ကြပ်အင်္ကျီပေါ်ကနေ ဒူးထိရှည်သောlong coatကိုဝတ်ဆင်ထားသောထိုအမျိုးသား။

မြင်မားလွန်းတဲ့အရပ်အမောင်း အဝေးကကြည့်တာတောင်စူးရှနေတဲ့မျက်ဝန်းတွေနဲ့ထိုလူကြီးက သူမဦးလေးရဲ့သူငယ်ချင်းတဲ့။

ဘယ်လိုပဲကြည့်ကြည့် ဒီလူကြီးကကလေးအဖေဖြစ်တဲ့သူမဦးလေးထက်အများကြီးပိုချောပိုနုတယ်။

''ဆောရီးပဲငါ့ကောင်ရာ ငါနည်းနည်းနောက်ကျသွားတယ်''

''ရပါတယ်ကွာ...ငါလည်းရောက်တာမကြာသေးဘူး''

ထိုလူကြီးကသူ့ကုတ်အင်္ကျီကိုချွတ်ကာ ဆိုဖာကျောမှီမှာတင်လိုက်ပြီး လူကပါဆိုဖာမှာဝင်ထိုင်လိုက်လေသည်။

''ဒါဘယ်ကကလေးလဲ''

''ငါ့အစ်မသမီးလေကွာ ငယ်ငယ်ကမင်းဒီလောက်ထိန်းခဲ့တာကိုမမှတ်မိဘူးလား''

''ဟာ...ဆန်းရှိုင်းလေးတောင်ဒီအရွယ်ရောက်နေပြီလား''

ဆန်းရှိုင်းတဲ့...ခြည်ပထမဆုံးကြားဖူးတဲ့အခေါ်အဝေါ်ပဲ။

''အေး...အခုဆယ်တန်း​​ဖြေပြီးလို့ငါတို့နဲ့လာနေတာ မေမေကလည်းသူ့မြေးကိုတအားသည်းနေတာလေ...ကျောင်းပိတ်တာနဲ့တန်းပြီးခေါ်ထားတော့တာ...သူကအိမ်မှာပျင်းလို့ငါနဲ့လိုက်ချင်တယ်ဆိုလို့ခေါ်လာတာ''

''ဟေ့...ကိုယ့်ကိုမှတ်မိလား''

ခြည်ခေါင်းအသာရမ်းပြလိုက်မိသည်။

''ငယ်ငယ်ကတော့မင်းကိုယ့်လက်ပေါ်ကကိုမဆင်းပါဘူး''

ခြည် ဦးလေးဖြစ်သူကိုအားကိုးတကြီးလှမ်းကြည့်လိုက်၏။
ဒါကိုသဘောပေါက်တဲ့သူမဦးလေးက...

''ဝေဟင်ကငါ့တူမလေးကိုငယ်ငယ်ကထိန်းပေးခဲ့ဖူးတယ် ဘယ်လောက်ငိုနေနေ သူချီလိုက်ရင်တူမလေးကတန်းတိတ်သွားတာ ဆန်းရှိုင်းလေးဆိုတာနဲ့အသံလာရာကိုပြေးပြီးသားပဲ''

ချစ်ဇနီးငယ်[completed]Where stories live. Discover now