Unicode
ချစ်ဇနီးငယ်
Chapter.2
ဦးကသူ့ကတိအတိုင်း သူမကိုအပြင်ခေါ်သွားပေးဖို့ဖွားဖွားဆီမှာခွင့်တောင်းပေးခဲ့လေ၏။
''ငါ့သားနဲ့ဆိုအန်တီကစိတ်ချပြီးသားဆိုပေမယ့် အန်တီထပ်ပြီးမှာလိုက်ဦးမယ် အန်တီ့မြေးလေးကိုဘာမှမဖြစ်စေနဲ့နော် သူ့မိဘတွေကတအားသည်းလွန်းလို့ သူတို့မှာဒီသမီးလေးတစ်ယောက်တည်းရှိတာဆိုပြီးပိုးမွေးသလိုမွေးထားတာ တစ်ခုခုဖြစ်ရင်အန်တီ့ခေါင်းပေါ်ကျလာမှာစိုးလို့''
''စိတ်ချပါအန်တီရာ...ဆန်းရှိုင်းလေးကိုခြစ်ရာလေးတစ်ခုတောင်မရှိစေဘဲနဲ့ အိမ်ကိုရှောရှောရှူရှူပြန်ပို့ပေးပါမယ်''
''အေးပါအေးပါ စောစောလည်းပြန်ခဲ့ကြဦးနော်''
''ဟုတ်ကဲ့အန်တီ...လာ ဆန်းရှိုင်းလေး''
''ဖွားဖွား ခြည်တို့သွားပြီနော်''
''အေးအေး''
ဦးကသူမလက်လေးကိုဆွဲပြီးအိမ်ထဲကနေခေါ်ထုတ်လာခဲ့လေသည်။
လမ်းရောက်တော့ဦးက...
''ဆန်းရှိုင်းလေး...ဘယ်တွေသွားချင်လဲ''
''မသိဘူးလေ...ဦးပဲလိုက်ပို့ပေးပါ''
''စိတ်ထဲမှာလုပ်ချင်တာတစ်ခုခုမရှိဘူးလား''
သူမကမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့စဥ်းစားခန်းထုတ်နေ၍ သူ့မှာကားမောင်းနေရင်းမှသူမကိုလှည့်လှည့်ကြည့်ပြီးအသည်းတွေယားနေရ၏။
ဆံပင်လေးကိုဆံထုံးလေးနှစ်ဖက်ခွဲထုံးထားပြီး ပန်းနုရောင်ဘွိုင်လာအင်္ကျီလေးနဲ့သူမကသူ့မျက်လုံးထဲမှာတစ်ကယ့်ကလေးပေါက်စလေးအတိုင်းပင်။
မျက်နှာကလည်းဘာမှမလိမ်းထားသည့်တိုင် နူးညံ့ဖြူဥနေပြီး ပါးပြင်လေးတွေနဲ့နှုတ်ခမ်းလေးတွေကပန်းရောင်သမ်းချင်သည့်အနေအထားလေးမှာရှိနေလေ၏။''ဟိုလေ...တစ်ခုတော့ရှိတယ်ဦးရဲ့ ဒါပေမယ့်လေ ခြည်ကလူများတဲ့နေရာတွေမသွားတတ်ဘူး''
''ဆန်းရှိုင်းလေးကဘယ်သွားချင်လို့လဲ''
''ရုပ်ရှင်ရုံကို...ခြည်အခုထိရုပ်ရှင်ရုံမှာရုပ်ရှင်သွားမကြည့်ဖူးဘူး ဖေဖေတို့ကလည်းမပို့ပေးဘူး ခြည်ကလည်းဖေဖေတို့ကိုမပူဆာရဲခဲ့ဖူးဘူးလေ''