Unicode
ချစ်ဇနီးငယ်
Chapter.10
''ဖွားဖွားရေ...ခြည်တို့အလည်လာတယ်''
ရုံးပိတ်ရက်မို့ ဦးနဲ့ခြည်တို့ အဖွားဖြစ်သူထံသို့အလည်ရောက်လာခြင်းပါ။
''အမလေး...ပေါ်လာကြသေးတယ်...တစ်မြို့တည်းနေလို့ပဲ''
ဖွားဖွားကသူမတို့ကိုရွဲ့သလိုလေးပြောပြီး အနားသို့ရောက်လာလေ၏။
''ခြည်ကအလုပ်နဲ့မို့ပါ''
''ဖွားဖွားကအလကားနောက်တာပါ...လာကြ''
ဒေါ်မိုးကြည်က မြေးတွေကိုဧည့်ခန်းထဲသို့ခေါ်လာလေသည်။
''ငါ့မြေးလေးအလုပ်မှာအဆင်ပြေရဲ့လား''
''ပြေပါတယ်ဖွားဖွားရယ်...ခြည်လည်းဒီနေ့ပဲအားတယ်''
''ဟိုနေ့ကတောင်မှမြေးမေမေကဖုန်းဆက်သေးတယ်...မြေးအလုပ်လုပ်နေတာကိုတော့မပြောလိုက်ဘူး...ဒါပေမယ့် မကြာခင်အောင်စာရင်းတွေထွက်တော့မှာဆိုတော့ သူတို့လည်းရန်ကုန်ကိုလာကြမှာ...အဲခါကျရင်ငါ့မြေးအလုပ်လုပ်နေတာသိမှာပဲ...ငါ့မြေးဘယ်လိုစဥ်းစားထားလဲ''
ခြည်,ဦးကိုအားကိုးတကြီးလှည့်ကြည့်လိုက်တော့ ဦးကသူမလက်လေးကိုလာကိုင်လေ၏။
''ကျွန်တော်တို့အမှန်အတိုင်းပဲပြောလိုက်မှာပါ...အခုခြည်ကအိမ်ရှင်မတစ်ယောက်ဖြစ်နေပြီ...ခြည့်ကိုကျွန်တော်ပဲပိုင်တာ သူနဲ့ပတ်သက်သမျှက ကျွန်တော်နဲ့ပဲဆိုင်တယ်''
ဦးရဲ့စကားကခြည့်အားအတော်လေးအားတက်စေပြီး သတ္တိတွေပါရှိလာစေသလိုပါပဲ။
ဦးကပဲသူမရဲ့အားကိုးရာပင်။
>•<°>•<
တစ်ကယ်ကိုခဏလေးဆိုသလိုပဲ အောင်စာရင်းထွက်မည့်ရက်ကိုရောက်ရှိလာလေ၏။
ခြည်ထင်ထားသလိုပဲ ခြည်ကAll Dပါခဲ့လေသည်။
ထိုအခုမှပဲသူမမိဘတွေကရန်ကုန်ကိုထွက်လာကြ၏။
သူမမိဘတွေမရောက်ခင်တစ်ရက်အလိုမှာ ခြည်လည်းအလုပ်မသွားဘဲခွင့်ရက်ရှည်ယူထားလိုက်သည်။ဖေဖေနဲ့မေမေတို့ရောက်လာရင်အတိုက်အခံတွေဖြစ်ရဦးမှာလေ။
အမှတ်စာရင်းထွက်လို့ဆေးကျောင်းသာမီရင် သူမမိဘတွေနဲ့သူမကြားမှာဘာတွေဖြစ်လာမလဲမပြောတတ်။