Chapter.7

14.7K 253 2
                                    

Unicode

ချစ်ဇနီးငယ်

Chapter.7

''ဦး...ရေသွားဆော့ရင် ဦးလည်းအတူလိုက်ခဲ့ပါလား''

သူတို့ နေ့လည်စာအတူစားနေရင်းမှ ခြည်ကပြောလာခြင်းပင်။

''မလိုက်ချင်ပါဘူးကလေးရာ...ခင်ဗျားလေးသာကလေးဗိုလ်လုပ်ပါ''

''ဟွန့်...ကလေးဗိုလ်ချည်းခေါ်နေတာပဲ''

''မဟုတ်လို့လား''

သူမကနှုတ်ခမ်းလေးကိုစူ၍ ထမင်းပန်းကန်ကိုသာဇွန်းနဲ့ထိုးမွှေနေလေ၏။

''ကဲပါ...နှုတ်ခမ်းစူမနေနဲ့...ထမင်းစား''

''ငါးရိုးနွှင်ပေး''

''ဟုတ်ပြီ''

ဦးကသူ့ထမင်းပန်းကန်ကိုဘေးဖယ်ပြီး သူမထမင်းပန်းကန်လေးကိုလှမ်းယူလိုက်လေသည်။

ငါးရိုးကိုသေချာဂရုတစိုက်နွှင်ပေးနေသောဦးကိုကြည့်ပြီး ခြည့်ရင်ထဲမှာလှိုင်းလေးတစ်ခုဖြတ်ပြေးသွားရ၏။

အဲဒါကဘာလဲဆိုတာတော့ခြည်လည်းသေချာမသိပါ။

သူမကိုဂရုစိုက်တတ်တဲ့ဦးရဲ့ပုံစံကိုတော့ ခြည်အရမ်းသဘောကျတယ်။

>•<°>•<

သူမကိုပြောတော့ ရေမဆော့ချင်ဘူး မလိုက်ချင်ဘူးဆိုတဲ့ဦးက သူမညနေဘက်ရေထွက်ဆော့တဲ့အချိန်မှာ နောက်ကနေမသိအောင်လိုက်လာလေ၏။

''ဟာ...မမခြည် လာပြီလား''

''အေး...နင်တို့ကငါ့ကိုလည်းမစောင့်ကြဘူး''

ကလေးတွေက သူမနောက်ကိုလှမ်းကြည့်ပြီးမှ...

''ဦးလေးကြီးကလည်းသားတို့နဲ့ရေအတူဆော့မလို့လား''

ဟုပြောလာ၍ ခြည်နောက်ကိုလှည့်ကြည့်လိုက်တော့ ဦးကဘောင်းဘီအိတ်ကပ်တွေထဲလက်ထည့်ပြီး သူမကိုပြုံးပြုံးကြီးကြည့်နေသည်ပင်။

''အယ်...ဦး ဦးပြောတော့မလိုက်ဘူးဆို''

''စိတ်ပြောင်းသွားတာ...ကိုယ်ရောဆိုရင်ဆန်းရှိုင်းလေးပျော်ပါ့မလား''

''အာ...ပျော်တာပေါ့လို့ဦးရဲ့...မဟုတ်ရင်ဘာလို့ဦးကိုခေါ်နေမှာလဲ''

ချစ်ဇနီးငယ်[completed]Where stories live. Discover now