Unicode
ချစ်ဇနီးငယ်
Chapter.5🔞
ညကအဖြစ်အပျက်ကြောင့် ခြည်မျက်နှာပူပြီးရှက်ရွံ့နေတာနဲ့ပဲ ဦးနဲ့မျက်နှာချင်းမဆိုင်မိသလိုအခန်းထဲကနေလည်းလုံးဝမထွက်ပေ။
သူမကမနက်စာထွက်မစားတော့ဝေဟင်ကပဲသူမအတွက်မနက်စာယူပြီးအခန်းထဲရောက်လာခဲ့လေ၏။
''ဆန်းရှိုင်းလေး...မနက်စာစားရအောင်''
''မစားဘူး''
သူမကသူ့ကိုကျောပေးကာအိပ်နေရင်းမှခပ်ဆောင့်ဆောင့်လေးပြောလာသည်။
''မစားလို့မရဘူး...ညကလည်းပင်ပန်းထားတော့ဗိုက်ဆာနေမှာကိုယ်သိတယ်''
သူ့စကားကြားတော့ခြည်ကအိပ်ရာကနေထထိုင်လိုက်ပြီးသူ့အားပေစောင်းစောင်းလေးကြည့်လာလေ၏။
''ဦး ဘာလို့ပြန်အစဖော်နေတာလဲ''
''မရှက်ပါနဲ့ကလေးရာ...ဒါကရှက်ရမယ့်ကိစ္စမှမဟုတ်တာ''
''မသိဘူး...ထပ်မပြောနဲ့တော့နော်''
သူမကနှုတ်ခမ်းကိုတစ်တောင်လောက်စူနေပြီမို့သူပဲပါးစပ်ပိတ်လိုက်ရသည်။
''okok...ကိုယ်ထပ်မပြောတော့ဘူး ထမင်းစားရအောင်...ဒီမှာကမနက်စာကိုထမင်းပဲစားကြတာတဲ့ ဆန်းရှိုင်းလေးစားတတ်ရဲ့လား...ဒါမှမဟုတ်ကိုယ်တစ်ခုခုစီစဥ်ပေးရမလား''
''စားတတ်ပါတယ်''
''ဟုတ်ပါပြီ...အဲဒါဆိုကိုယ်ခွံ့ကျွေးမယ်နော်''
ခြည်ပြုံးစေ့စေ့လေးနဲ့ခေါင်းညိတ်ပြလိုက်သည်နှင့်ဦးကသူမကိုထမင်းခွံ့ကျွေးလာလေသည်။
နေ့လည်ရောက်တော့ သူမတို့တွေကိုမိုးစွေတို့ကိုနှုတ်ဆက်ပြီး ထိုရွာကနေပြန်ထွက်လာခဲ့လိုက်ကြ၏။
အိမ်ပြန်ရောက်ရင်သူမတို့ကိုဘယ်လိုအရာတွေကများကြိုဆိုနေမှာပါလိမ့်။
***
သူမတို့အိမ်ကိုပြန်ရောက်သည်နှင့် ခြည့်ရင်ထဲမှာတဒိန်းဒိန်းဖြစ်လာရပြီး ကိုယ့်နှလုံးခုန်သံကိုပါပြန်ကြားနေရလေသည်။