Chapter.9

5.4K 136 3
                                    

Unicode

ချစ်ဇနီးငယ်

Chapter.9

ဒီနေ့ခြည်အလုပ်စဝင်တဲ့နေ့ဖြစ်ပြီး ဦးကသူမကိုကုမ္ပဏီရှေ့ထိလိုက်ပို့ပေးခဲ့၏။

''အပြန်ကျရင်လည်းကိုယ်ဝင်ကြိုမယ်နော်ကလေး''

''ဟုတ်ကဲ့ဦး...ကားကိုဖြည်းဖြည်းမောင်းနော်...တာ့တာ''

''တာ့တာ''

ဦးနဲ့အပြန်အလှန်နှုတ်ဆက်ပြီးသည်နှင့် ခြည်လည်းကုမ္ပဏီထဲသို့ဝင်ခဲ့လိုက်သည်။

သူမလေး သူ့မြင်ကွင်းထဲကပျောက်သွားပြီဆိုမှ ဝေဟင်လည်းကားစက်ကိုပြန်နှိုးပြီးနေရာကနေမောင်းထွက်လာခဲ့လိုက်တော့၏။

ခြည် ကုမ္ပဏီထဲရောက်သည်ဆိုရင်ပဲ သူမအတွက်စီစဥ်ထားပေးတဲ့စားပွဲမှာဝင်ထိုင်လိုက်သည်။

ခဏကြာတော့ သူမတို့ရဲ့bossရောက်လာပြီး သူမတို့ဝန်ထမ်းနေရာကနေဖြတ်လျှောက်သွားရင်းနဲ့ပဲ bossကသူမဘက်ကိုလှည့်ကြည့်သွားပြန်၏။

''မင်္ဂလာပါboss''

ဝန်ထမ်းတွေအကုန်လုံးကနေရာကနေထပြီးနှုတ်ဆက်လိုက်မှပဲ ခြည်လည်းယောင်ကန်းကန်းနဲ့နေရာကကမန်းကတန်းထလိုက်ရသည်။

bossကသူမပုံစံကိုကြည့်ပြီးပြုံးလိုက်သလားပင်မသိ။

သူရုံးခန်းထဲကဝင်သွားပြီဆိုမှခြည်တို့အားလုံး နေရာမှာပြန်ထိုင်လိုက်ကြ၏။

bossကတစ်ကယ်ပဲဘယ်လိုလူပါလိမ့်။

>•<°>•<

''bossရဲ့နာမည်ကအထွဋ်မြတ်တဲ့ တင်စီးချက်ပဲနော်ဦး''

သူမကအိပ်ရာကို​သေချာ​ပြန့်ပြူးနေအောင်ခင်းနေရင်းမှ ညဝတ်အင်္ကျီလဲနေသောသူ့အားအတင်းတုပ်နေခြင်းပင်။

''လူကရောချောလား''

''လူကတော့ချောပါတယ်...အသက်ကအခုမှ၂၇ပဲဲရှိသေးတာတဲ့''

''အော်...ချောတယ်ပေါ့''

''ချောပါတယ်ဆိုမှပဲ ဦးကလည်း''

သူကသဝန်တိုပြီး ရွဲ့မေးတာကိုသူမကချောတယ်ချည်းထပ်နေ၍ ဝေဟင့်စိတ်ထဲမကျေနပ်ချင်။

ချစ်ဇနီးငယ်[completed]Where stories live. Discover now