Chapter.13

12.8K 252 7
                                    

Unicode

ချစ်ဇနီးငယ်

Chapter.13

ဖြူစင်သွယ့်ရဲ့ကားက အထွဋ်မြတ်တို့ရဲ့ကုမ္ပဏီကားပါကင်မှာထိုးရပ်သွားလေ၏။

ကားပေါ်ကဆင်းသည်နှင့်သူမကပိုက်ဆံအိတ်ထဲကဖုန်းကိုထုတ်၍ နံပါတ်တစ်ခုကိုနှိပ်လိုက်သည်။

''ဟဲလို မေမေ...သွယ်ရောက်ပြီနော်...သွယ့်ဘာသာပဲကြည့်စီစဥ်လိုက်မယ် CEOရဲ့ဖုန်းနံပါတ်လည်းသွယ့်ဆီမှာရှိပါတယ်...ဟုတ်မေမေ''

သူမကဖုန်းချပြီးသည်နှင့်ကုမ္ပဏီထဲသို့ဝင်ခဲ့လိုက်လေ၏။

သူမဒီကိုရောက်လာတဲ့အကြောင်းအရင်းက မကြာခင်မှာသူမမိဘတွေရဲ့မင်္ဂလာနှစ်ပတ်လည်ပွဲအတွက် အလုပ်လာအပ်ခြင်းပါ။

သူမကုမ္ပဏီထဲဝင်ခဲ့ပြီး လမ်းချိုးတစ်ခုကိုအရောက်မှာပဲ ဝေဟင့်ရဲ့ဇနီးကိုလူတစ်ယောက်နဲ့အတူမြင်လိုက်၍ သူမချက်ချင်းပဲအကွယ်မှာရပ်လိုက်လေသည်။

ထိုလူကနေရောင်ခြည့်ရဲ့ပုခုံးတွေကိုဖိကိုင်ပြီး နံရံမှာတွန်းကပ်ထားတာကြောင့်ပါ။

''ဒါဘာလုပ်တာလဲboss''

''မနေ့က ငါမင်းကို12နာရီထိုးတဲ့အထိစောင့်နေခဲ့တာ''

''ဟမ်!''

''မင်းငါ့ဆီကိုလာမယ်ထင်ခဲ့မိတာ''

''bossကိုခြည်အစကတည်းကပြောခဲ့ပါတယ်...စီစဥ်ထားသမျှဖျက်လိုက်ပါလို့''

''ခြည်...မင်းလည်းရိပ်မိမှာပါ...မင်းအပေါ်ထားတဲ့ငါ့စိတ်ကို''

''boss...ဒါကလူသွားလူလာလမ်းကြီးပါ...ခြည့်ကိုအခုလိုမလုပ်ပါနဲ့''

''မင်းစကားလမ်းကြောင်းမလွှဲနဲ့...​ငါမင်းကိုပွင့်ပွင့်လင်းလင်းပဲပြောမယ်...ငါမင်းကိုချစ်တယ်''

''ရှင်''

''စတွေ့ကတည်းကသဘောကျခဲ့မိတာ''

''ဟင့်အင်း...မဖြစ်နိုင်ဘူး boss,ခြည့်ကိုလာချစ်လို့မရဘူး''

''ဘာလို့ချစ်လို့မရတာလဲ''

ထိုစကားကိုကြားတော့ ဖြူစင်သွယ်ကသူမလက်ထဲကဖုန်းကိုအမြန်ဖွင့်၍ ဖုန်းနံပါတ်တစ်ခုကိုနှိပ်လိုက်လေသည်။

ချစ်ဇနီးငယ်[completed]Where stories live. Discover now