Chapter.6🔞

7.9K 130 2
                                    

Unicode

ချစ်ဇနီးငယ်

Chapter.6🔞

''မင်းကလူလေးကြည့်တော့လက်တောက်လောက်ပဲရှိသေးတယ်...ယွကိုယွတယ်နော်...ငါနဲ့စေ့စပ်ထားတဲ့ယောကျ်ားကိုလုယူရဲတယ်''

''တော်စမ်းပါ...ငါ့ကိုဘာမှအပိုတွေလာပြောမနေနဲ့...မင်းဘာသာဘာကြီးပဲဖြစ်ဖြစ် မင်းကစနိုက်ကြော်မ သူများခင်ပွန်းလောင်းကိုခိုးတဲ့လင်ခိုးမ!''

ဖြူစင်သွယ်ဆိုတဲ့အမျိုးသမီးရဲ့စကားတွေကိုထပ်ခါထပ်ခါပြန်ကြားယောင်လာပြီး ခြည်မျက်ရည်တွေမဆည်နိုင်တာအခုထိပင်။

ဦးကိုလည်းအရမ်းစိတ်ဆိုး၏။

ဦးကသူမကိုတမင်လိမ်ညာဖုံးကွယ်ထားခဲ့တာပဲ။

''အဟင့်...အီးဟီး ဟီး...အီးးး''

ဝေဟင် အိမ်ကိုပြန်ရောက်လာတော့ ခြည်ကအခန်းထဲမှာတရှုံ့ရှုံ့ငိုနေသံကြား၍ သူအထိတ်ထိတ်အပြာပြာနဲ့ပဲ အခန်းထဲသို့ခပ်မြန်မြန်ဝင်လာခဲ့လိုက်လေသည်။

''ဆန်းရှိုင်းလေး...ဘာလို့ငိုနေတာလဲ''

ကြမ်းပြင်မှာဒူးထောင်ထိုင်နေပြီး နံရံမှာမှီကာငိုနေသာသူမနားမှာခြေဖျားထောက်ထိုင်ချပြီးမေးလိုက်၏။

''လာမထိနဲ့...ဦးကိုမုန်းတယ်''

ခြည်ကသူ့ရင်ဘတ်ကိုတွန်းလွှတ်၍ နေရာကနေထရပ်လိုက်ပြီး အခန်းထဲကနေပြေးထွက်ဖို့ပြင်နေသည်မို့ သူလက်ကိုအမိအရဆွဲထားလိုက်ရလေသည်။

''ဆန်းရှိုင်းလေး...ဘာဖြစ်လို့လဲကလေးရာ ကိုယ့်ကိုဘာတွေစိတ်ဆိုးနေတာလဲ''

''ဦးကလူညာ...ဦးမှာစေ့စပ်ထားသူရှိရဲ့သားနဲ့ခြည့်ကိုလက်ထပ်တယ်''

''ဘယ်လို...ဘယ်ကစေ့စပ်ထားသူလဲ...ကိုယ်ဘယ်သူနဲ့မှမစေ့စပ်ပါဘူးကလေးရဲ့...ကလေးဘာတွေပြောနေတာလဲ''

''အာ့ဆိုဖြူစင်သွယ်ဆိုတာဘယ်သူလဲ''

''သူကကိုယ့်လုပ်ငန်းပါတနာရဲ့သမီးလေ...ကိုယ်နဲ့သူကဘာမှမပတ်သက်ဘူး''

''ညာပြန်ပြီ...ဘာမှမပတ်သက်ဘဲနဲ့သူကခြည့်ကိုစနိုက်ကြော်လို့ပြောပါ့မလား''

ချစ်ဇနီးငယ်[completed]Where stories live. Discover now