Chapter.12

3.2K 120 7
                                    

Unicode

ချစ်ဇနီးငယ်

Chapter.12

ခြည် အိမ်ပြန်ရောက်သည်နှင့် bossပေးလိုက်တဲ့နာရီအား အကြောင်းမဲ့သပ်သပ်ထိုင်ကြည့်ရင်းအတွေးတွေများနေခဲ့ရသည်။

မိန်းကလေးတွေရဲ့ဆဋ္ဌမအာရုံအရ bossကသူမအပေါ်မှာတစ်ခြားစိတ်ရှိနေမယ်ဆိုတာ သူမစိတ်ထဲမှာအလိုလိုသိနေ၏။

ဒါပေမယ့်သူ့ဘက်ကမလှုပ်ရှားသေးသရွေ့ ခြည်ကလည်းဘာကိုမှပြောလို့မရသေးပေ။
အကယ်၍များ သူကသာပေါ်တင်ချဥ်းကပ်လာရင် ခြည့်ဘက်ကပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုချဖို့ အဆင်သင့်ဖြစ်နေပြီးသားပါ။

''ဟင်းးး''

''နံရံကြီးလည်းပွင့်သွားပါဦးမယ်''

ဦးရဲ့အသံကိုကြားလိုက်၍ ခြည်နောက်ကိုလှည့်ကြည့်လိုက်တော့ ဦးကသူမဆီကိုခပ်ပြုံးပြုံးနဲ့လျှောက်လာနေသည်ကိုတွေ့လိုက်ရသည်။

ဦးရဲ့အပြုံးကအမြဲတမ်းချိုမြိန်နေပါရော။

''ဘာတွေများအဲလောက်သက်ပြင်းတွေချနေရတာလဲ''

ဝေဟင် နှုတ်ကမေးရင်းလူကလည်းသူမဘေးမှာဝင်ထိုင်လိုက်၏။

သူ့မျက်လုံးကသူမလက်ထဲကနာရီကိုမြင်တော့...

''အဲဒီ့နာရီကဘယ်သူပေးတာလဲကလေး''

ဟူ၍ သိလိုစိတ်ပြင်းပြကာမေးလိုက်သည်။

''bossပေးလိုက်တာ''

''အော်...အဲဒီ့bossပဲလား''

''အင်း...သူကခြည့်ကိုဂုဏ်ပြုလက်ဆောင်ပေးတာတဲ့...ဒါပေမယ့်ခြည်မပတ်ပါဘူး ခြည်မှနာရီပတ်ရတာမကြိုက်တာ''

''ပတ်ချင်လည်းပတ်ပါ...ကိုယ်ဘာမှမဖြစ်ဘူး သဝန်လည်းမတိုဘူး မနာလည်းမလိုဘူး စိတ်ထဲမှာရှင်းတယ်''

''ဦးနော်...ခြည်ကမပတ်ဘူးလို့ပြောနေတဲ့ဟာကို''

ခြည်ကနှုတ်ခမ်းကိုစူချိတ်ပြီး လက်နှစ်ဖက်ပိုက်ကာ သူ့ကိုကျောပေးသွားလေ၏။

''ကိုယ်ကစတာပါကလေးရဲ့''

ဦးကသူမကိုယ်လေးကိုနောက်ကနေသိုင်းဖက်ပြီး ပုခုံးပေါ်မေးတင်လာသည်။

ချစ်ဇနီးငယ်[completed]Where stories live. Discover now