Unicode
ချစ်ဇနီးငယ်
Chapter.15(Final)
ခြည် ကားအက်စီးဒင့်ဖြစ်တဲ့သတင်းကိုကြားတော့ ဖေဖေကမဆီမဆိုင်ဘဲ ဦးကိုလှမ်းပြီးမာန်မဲ၏။
''မင်းဟာလေ...အပြောတစ်မျိုးအလုပ်တစ်မျိုးကောင်...ငါ့သမီးလေးထိခိုက်ရတာမင်းကြောင့်ပဲကွ!...ငါ့သမီးကိုငါပြန်လာခေါ်မယ်ဟေ့ကောင်!''
''အစ်ကို...အဲဒါက...''
သူပြောဖို့ပါးစပ်ပြင်နေတုန်း ခြည်ကသူ့လက်ထဲကဖုန်းကိုဆွဲယူလိုက်လေ၏။
''ဖေဖေပြန်လာခေါ်လည်း ခြည်ကလုံးဝမလိုက်ဘူး ပြီးတော့ခြည်ဘာမှမဖြစ်ဘူးဖေဖေရဲ့...ဒေါင်ဒေါင်မြည်နေရောပဲ''
''သမီး...''
''ဒါပဲနော်ဖေဖေ...ဖေဖေစိတ်မပူနဲ့သိလား ခြည်အရမ်းကျန်းမာတယ် ဖေဖေစိတ်ချနော်''
''သမီး...သမီး''
သူမအဖေဘာမှမပြောခင်မှာပဲ ခြည်လည်းဖုန်းချပစ်လိုက်တော့သည်။
''ဟင်း...ဖေဖေကတော့အရမ်းစိတ်ပူတတ်တာပဲ''
''အဲဒါကတော့ ဆန်းရှိုင်းလေးရဲ့ဖေဖေကဆန်းရှိုင်းလေးကိုချစ်လို့ပေါ့...အင်းးး...ကိုယ်လည်းအဲလိုစိတ်ပူရမယ့် ပါးပါးဂဲလ်လေးတစ်ယောက်လောက်လိုချင်လိုက်တာ''
''ဦး...ဦးကခြည့်ကိုကလေးမွေးခိုင်းနေတာလား''
''အော်...အခုချက်ချင်းကြီးမဟုတ်ပါဘူး တစ်ချိန်ချိန်ပေါ့''
''အဲ့တစ်ချိန်ချိန်ကရှိလာမှာမဟုတ်ဘူး''
''ဘာလို့လဲကလေးရဲ့...ကိုယ့်ရဲ့ရင်သွေးလေးကိုမမွေးပေးနိုင်လို့လား''
''ဟင့်အင်း...ခြည်ကဦးကိုဆိုးလို့မှမဝသေးတာ...ခြည်ကဦးရဲ့ကလေးလေးအဖြစ်အကြာကြီးနေချင်သေးတာ...ကလေးမွေးပြီးရင်ကလေးကိုပဲဦးစားပေးရတော့မှာ...ဟင့်အင်း ဟင့်အင်း...ခြည်အဲလိုအဖြစ်မခံနိုင်ဘူးနော်...ဦးရဲ့ဦးစားပေးက ခြည်တစ်ယောက်တည်းပဲဖြစ်ချင်တာ''
သူ့လက်မောင်းကိုခိုတွဲ၍ ပုခုံးမှာမှီကာဆိုလာသောခြည့်အား သူခေါင်းလေးကိုဖိကပ်နမ်းလိုက်လေသည်။