Chapter.3

4.3K 120 3
                                    

Unicode

ချစ်ဇနီးငယ်

Chapter.3

''ဆန်းရှိုင်းလေး''

သူအခန်းထဲဝင်ခဲ့သည်နှင့် ခြည်ကအိပ်ရာကနေကုန်းရုန်းထတော့ ဝေဟင်အမြန်သွားထူလိုက်ရ၏။

''ဘာလို့ဆေးရုံမှာထပ်မနေတာလဲ ခြေထောက်ကသက်သာလို့လား''

''ဆေးရုံကိုမုန်းလို့ပါ ဆေးနံ့တွေကိုလည်းမခံနိုင်လို့''

''ကိုယ်ကြားထားတာတော့ ဆန်းရှိုင်းလေးကစာအရမ်းတော်တာတဲ့ ဆေးမှတ်မီမှာလို့တောင်ကိုယ့်ကိုယ်ကိုကြွေးကြော်ထားတာဆို''

''အင်း...ဟုတ်တယ်ဦးရဲ့''

''ဆေးရုံကိုမုန်းနေတဲ့သူကဆေးကျောင်းတက်ဦးမှာလား''

''အဲဒါကခြည့်ဝါသနာမဟုတ်သလိုဖြစ်ချင်တာလည်းမဟုတ်ဘူး ဒါပေမယ့်ဖေဖေတို့ကခြည့်ကိုဆရာဝန်ပဲလုပ်ရမယ်တဲ့ ခြည်ဘာဖြစ်ချင်လဲဆိုတာကိုဘယ်တုန်းကမှမမေးဖူးကြဘူး''

''ဆန်းရှိုင်းလေးကဘာဖြစ်ချင်တာလဲ''

''ဒါကဦးကိုပဲပြောပြတာနော်...ခြည်ကလေ မင်္ဂလာပွဲတွေ မွေးနေ့တွေနဲ့တစ်ခြားပွဲအခမ်းအနားကြီးတွေမှာပန်းအလှဆင်ပေးတဲ့အလုပ်ကိုလုပ်ချင်တာ''

''အော်''

''ဒါပေမယ့်မဖြစ်နိုင်ပါဘူး...ဖေဖေတို့ကလက်မခံမှာသေချာသလောက်ပဲ''

ထိုအခိုက် မြတ်သူရအခန်းထဲဝင်လာပြီး...

''ဪ...မင်းရောက်နေပြီပဲ''

''အေး...ခုနကပဲရောက်တာ''

''ငါနဲ့ခဏစကားပြောရအောင်''

''ရတယ်လေ...ခဏလေးနော်ဆန်းရှိုင်းလေး''

''ဟုတ်''

မြတ်သူရကသူ့အားခြံထဲထိခေါ်လာပြီးမှ...

''ငါမင်းကိုမေးစရာရှိလို့ဝေဟင်''

''မေးလေ''

''ငါဒဲ့ပဲမေးမယ်ကွာ...မင်းငါ့တူမကိုကြိုက်နေတာလား''

မြတ်သူရမေးခွန်းကို​ဖြေဖို့အ​ဖြေကyesဖြစ်နေ၍ဝေဟင်ဘာပြန်ပြောလို့ပြောရမှန်းမသိ။

''မေးနေတယ်လေကွာ''

''ကြိုက်နေတာမဟုတ်ဘူး...ချစ်နေတာ ငါဆန်းရှိုင်းလေးကိုချစ်မိနေတာသူရ''

ချစ်ဇနီးငယ်[completed]Where stories live. Discover now