Unicode
ချစ်ဇနီးငယ်
Chapter.14
''သူဌေး...အပြင်မှာဧည့်သည်ရောက်နေပါတယ်''
သူ့အတွင်းရေးမှူးကဖုန်းကနေတစ်ဆင့်ပြောလာခြင်းပင်။
''ဘယ်သူလဲ''
''မဖြူစင်သွယ်ပါ''
''ဝင်ခဲ့ခိုင်းလိုက်နော်''
''ဟုတ်ကဲ့''
ခဏကြာတော့ ဖြူစင်သွယ်ကသူ့ရုံးခန်းထဲသို့ဝင်လာလေ၏။
''မတွေ့တာကြာပြီနော်''
ပြေရင်းနဲ့သူမကသူ့စားပွဲရှေ့ကခုံမှာဝင်ထိုင်လိုက်သည်။
''အင်း...ဘာကိစ္စရှိလို့လဲ''
''အထွေအထူးမဟုတ်ပါဘူး...ဖိတ်စာလာဖိတ်တာ''
''အန်ကယ်ကငါ့ကိုပြောထားပါတယ်...သူတို့မင်္ဂလာနှစ်ပတ်လည်ပွဲရှိတယ်တဲ့...အဲဒါလား''
''ဆိုပါတော့...အဲဒါအပြင် တစ်ခြားအရေးကြီးတဲ့ကိစ္စပြောစရာရှိသေးတယ်''
''ပြောပါဦး''
''ကျွန်မတို့ပွဲအတွက်အလုပ်သွားအပ်တဲ့ကုမ္ပဏီက ရှင့်မိန်းမအလုပ်လုပ်နေတဲ့ကုမ္ပဏီလေ''
''.........''
''ကျွန်မအဲဒီ့ကိုသွားရင်းနဲ့ ရှင့်မိန်းမနဲ့အဲဒီ့ကသူဌေးရဲ့ကြည်နူးဖွယ်မြင်ကွင်းလေးကိုမြင်ခဲ့ရတယ်''
''ဘာ!''
''သူကရှင့်မိန်းမကိုချစ်ခွင့်ပန်နေတာ...ရှင့်မိန်းမကလည်းလုံးဝမငြင်းဘူးနော်...မနက်ဖြန်ကျရင်အဖြေပေးမှာတဲ့''
''မင်းငါ့ကိုအပိုတွေလာမပြောနဲ့ဖြူစင်သွယ်...မင်းပြောသလိုလုံးဝမဖြစ်နိုင်ဘူး''
''အဲဒါကတော့ရှင်စောင့်ကြည့်နေလိုက်ပေါ့...ကျွန်မကစေတနာနဲ့သတိလာပေးတာ တော်ကြာ ရှင်လင်ကြီးရာထူးရနေမှာစိုးလို့''
''မင်းပါးစပ်ကိုပိတ်ထား!...မင်းငါ့ဇနီးကိုစော်ကားပိုင်ခွင့်မရှိဘူး မင်းထပ်ပြောရင် ငါဘယ်မျက်နှာကိုမှထောက်မှာမဟုတ်ဘူးနော်''
ဖြူစင်သွယ်ကထိုင်ရာကထရပ်လိုက်ပြီးမှ...
''အဲလောက်ထိဖြစ်ပျက်မနေနဲ့ဝေဟင်...ရှင်လက်ခံတာလက်မခံတာကိုကျွန်မစိတ်မဝင်စားဘူး...ကျွန်မကစေတနာနဲ့လာပြောပြတာ ရှင့်မိန်းမကိုအချိန်မီထိန်းလို့ရအောင်လို့...တစ်သက်လုံးကထိန်းသိမ်းလာတဲ့ရှင့်သိက္ခါတွေပျက်စီးကုန်မှာစိုးလို့...ကျွန်မပြောချင်တာအဲဒါပဲ...ကျွန်မသွားမယ်''