Chapter 148

698 120 1
                                    

Chapter 148

ညမိုးရေထဲတွင် မှင်ကဲ့သို့ နက်မှောင်နေသော်လည်း သွေးရောင်စွန်းနေသည့် မျက်ဝန်းတစ်စုံကို  ရှန်းလျိုရှန့်တွေ့လိုက်ရသည်။ ထိုမျက်လုံးများ ပိတ်လိုက်ချိန်တွင် အလွန်အမင်းနာကျင်သည့် မကျေမချမ်းမှု၏ အရိပ်အယောင်ရှိနေခဲ့သည်။

ရှန်းလျိုရှန့် အထိတ်တလန့် ထထိုင်မိလိုက်ကာ ဘေးပတ်လည်တွင် အလင်းနုနုရှိနေ၍ ကျောက်စိမ်းဖြူရောင်လက်က သူ၏နဖူးပေါ်တွင်ရှိနေခဲ့သည်။ အေးစက်သည့် အထိအတွေ့က သူ့ကို အမူးပြေသွားစေသည်။

ရှန်းလျိုရှန့်က တစ်ခဏမျှ ကြောင်အမ်းနေပြီးနောက် သူ့ရှေ့ရှိ မသေမျိုးတစ်ပါးနှင့်တူသော ပုဂ္ဂိုလ်ကို ကြည့်လိုက်သည်။ နှလုံးသားထဲမှ ရင်းနှီးနေမှုက လှိုင်းခတ်လာ၍ ထိုသူ၏ခါးကို လက်မောင်းများဖြင့် မနေနိုင်ပဲ ဖက်တွယ်လိုက်ကာ မကျေနပ်မှုတစ်စွန်းတစ်စပါသော လေသံနှင့် 'ရှစ်စွမ်း' ဟူသော စကားလုံးကို ခေါ်လိုက်သည်။

ဤအခြေအနေမှာ လူငယ်လေး၏ မှတ်ဉာဏ်နှင့် ဆင်တူနေသည်။ အရှေ့ပိုင်းကျတ်တီးမြေမှ ပြန်လာပြီးနောက်တွင် သူ၏ရှစ်စွမ်း ထွက်ခွာသွားကြောင်း သိရသောအခါ ဝမ်းပမ်းတစ်နည်းဖြင့် ရက်ပေါင်းများစွာ ငိုကြွေးခဲ့ရသည်။

ဖန်ကျုံးချင်းက မျက်ခုံးများ အနည်းငယ်ပင့်လိုက်သည်။
"အခုထိ ကလေးလေးနဲ့ တူနေတုန်းပဲ..."

သူကခေါင်းကို ခပ်ဖွဖွခါယမ်းကာ ရှန်းလျိုရှန့်၏ ခေါင်းကို ထိ၍ ပြောလာသည်။
"ဒါက ငါ မင်းနှလုံးသားမှာ ထားခဲ့တဲ့ ဝိညာဉ်အမှတ်အသားပဲ...ပျောက်ကွယ်တော့မှာမို့လို့ ငါပြောတာကို နားထောင်ပါ..."

လူနှစ်ယောက်ရှိနေသည့် ဘေးပတ်ဝန်းကျင်တွင် အဖြူရောင်မြူများ ဖုံးလွှမ်းနေ၍ မည်သည့်အရာဝတ္ထုမျှ မရှိပေ။ ဖန်ကျုံးချင်း၏ နှုတ်ခမ်းပါးများက အနည်းငယ်ရွေ့လျားသွားသော်ငြား နေရာတစ်ခုလုံးက တိတ်ဆိတ်နေခဲ့သည်။

ရှန်းလျိုရှန့်က ထိုလူကို မလွှတ်တမ်း ဖက်ထားလျက် သူနားထောင်လေလေ သူ၏မျက်လုံးများ ပြူးကျယ်သွားကာ နှလုံးသားတွင် ကြီးမားသော လှိုင်းများရိုက်ခတ်လာသည်။

ပန်းလေးလိုလှတဲ့ ဗီလိန်ရှစ်စွမ်းDonde viven las historias. Descúbrelo ahora