Chapter 11 (uni)

579 23 0
                                    

"boss"

"အင်း"

"ဒီနေ့ကုမ္မဏီကိုသွားမှာလားဗျ"

"အင်း..."

ဒီကိုပြန်ရောက်ပြီးတစ်ပတ်အကြာမှလူလုံးထွက်ပြရမှာဆိုတော့ တမျိုးလေးတော့ဖြစ်တယ်။အကယ်၍ ခွန်းညိုသာ သူ့ကိုတွေ့ရင်ဘယ်လိုမျက်နှာမျိုးဖြစ်နေမလဲဆိုတာ တွေ့ချင်မိသား။

ပြန်ရောက်ရောက်ချင်းစုဆောင်းလ်ုက်ရတဲ့သက်သေတွေနဲ့အချက်အလက်တွေကိုသေချာပြန်စီကာစနစ်တကျထားရသေးသည်။ သက္က ကိုယ်တိုင်တရားစွဲမှာဖြစ်လို့ သူ့ဘက်ကစေ့စပ်သေချာနေဖို့လိုအပ်သည်။

"သွားစို့"

အိမ်ကနေ ရုံးကိုလာတဲ့တလျှောက်လုံး သူ့အတွေးထဲဝင်နေတာက ခွန်းည်ုပင်ဖြစ်သည်။ ငယ်ငယ်ကတည်းက‌ခင်မင်ပြီးပေါင်းလာခဲ့သူမလို့ ဘာကြောင့်သူ့အပေါ်ဒီလိုလုပ်ရက်ရတာလဲမေးချင်တယ်။ သူယုံကြည်သည်။ အားကိုးခဲ့ဖူးသည်မဟုတ်လား။ဘာတွေလွဲမှားခဲ့လို့ ခွန်းညိုဒီလိုဖြစ်သွားတာလဲသူအဖြေကိုတိတိကျကျမသိသေး။

" ကျွိ"

ကုမ္မဏီရှေ့ကို အုပ်စိုးကိုယ်တိုင်မောင်းလာပြီး ရှေ့ကိုထိုးရပ်လိုက်သည်။ပြီးသည်နှင့်သက္ကအတွက်တံခါးလေးအပြေးဖွင်ပေးသည်။ သက္က အောက်ကိုဆင်းပြီး အပေါ်ကုတ်ကိုသေချာချိန်ကြည့်ပြီး စာရွက်စာတမ်းကိုတော့ အုပ်စိုးဆီလှမ်းပေးလိုက်သည်။
" အချိန်တန်ပြီး ခွန်းညို"။

သက္က ကုမ္မဏီကိုဝင်လာတော့ ဝန်ထမ်းနဲ့မန်နေဂျာတချို့ရယ် ။ရှယ်ယာရှင်အချို့က ဒီနေ့လုပ်မဲ့အစည်းအဝေးအတွက် ရောက်ရှိနေကြတာဖြစ်သည်။ခွန်းညိုက အရင်ပြဿနာတွေနဲ့ပေါင်းကာ ခုမှရှယ်ယာရှင်တွေကိုထုတ်ပစ်ဖို့တွေးနေပုံပင်။သူနဲ့မပူးပေါင်းတဲ့သူမှန်သမျှ သူ့စည်းကမ်းကိုလိုက်မနာနိုင်တဲ့သူတွေဆို ထုတ်ပစ်တာပင်။

ရုံးခန်းတံခါးရှေ့မှာ သက္ကခြေစုံရပ်လိုက်ပြီး တံခါးကိုတွန်းဖွင့်ဝင်လိုက်တော့

"ဒီနေ့က ကျွန်တော်ပြောထားတဲ့အတိုင်း ကျွန်တော်နဲ့ပူးပေါင်းထားတဲ့သူတွေသာ ဒီပရောဂျက်မှာပါဝင်ခွင့်ရမှာဖြစ်ပြီး မပူးပေါင်းနိုင်တဲ့သူတွေကတော့ ထွက်လို့ရပါတယ် "

အချစ်တွေနဲ့ထွေးပွေ့လှည့်ပါ " ခင်" (Complete)Where stories live. Discover now