Chapter 13 (uni)(warning)

1.1K 22 0
                                    

သူသောင်းကျန်းလိုက်လို့ ခင့်နှုတ်ခမ်းလေးကစပ်ဖျင်းဖျင်းဖြစ်နေကာ ဖူးယောင်နေ၏။အောက်နှုတ်ခမ်းကသူကိုက်ထားတာကြောင့်ပေါက်ပင်ပေါက်နေလေပြီး။ခင့်မှာသာထမင်းစားရင်းမျက်ရည်ဝဲနေရသည်။

"တောင်းပန်ပါတယ်မောင့်အသက်ကလေးရယ် မောင်ူအရမ်းကြမ်းမိသွားတာပဲ"

"ထားလိုက်ပါ"

ပြီးသွားပြီမို့ ခုမှစိုးရိမ်ပြနေလဲအပိုပင်။ခင်နဲနဲလေးစိတ်ကောက်ချင်သွားသည်။ ခင်လဲနေ့ခင်းသူနဲ့ထမင်းအတူစားမို့ဆိုပြီး  ရေခဲသေတ္တာ‌ထဲကတွေ့သမျှအကောင်းတွေကို ငရုတ်သီးစပ်စပ်လေးနဲ့ချက်ထားတာပင်။ငရုတ်သီးမပါတာဆိုလို့ ဘူးသီးဟင်းချိုသာရှိသည်။

"စိတ်မဆိုးပါနဲ့ချစ်သဲရဲ့ မောင့်ကိုမချစ်ဘူးလားဗျာ"

"ဘာမှလည်းမဆိုင်ဘူးမောင်ကလည်း"

"မသိဘူး ခင်ကစိတ်ကောက်နေတော့မောင်ဘာလုပ်ရမှန်းမသိတော့ဘူး စိတ်မဆိုးပါနဲ့ နောက်မောင်ဆင်ခြင်ပါ့မယ်"

မျက်နှာငယ်လေးနဲ့သက္ကဆိုလာတော့ ခင်ကမနေတတ်စွာ

"မဟုတ်တာမောင်ရဲ့ ခင်ကဒီအတိုင်းမောင်ချော့တာခံချင်လို့"

"အဲ့ဒါဆိုဆက်ပြီးဆိုးပါဦးဗျာ မောင်ဆက်ချော့ချင်သေးတယ်မောင့်အချစ်ကလေးရယ်"

"မောင် နော် သွား..."

အရှက်သည်းနေတဲ့ခင့်မျက်နှာလေးကိုတစိမ့်စိမ့်ထိုင်ကြည့်ရင်းပင် ဗိုက်တင်းနေလေပြီး။

"ဒါနဲ့ ခင်ဘယ်လိုရောက်လာ....."

ဘယ်လ်ုရောက်လာကြောင်းမေးဖို့စကားမဆုံးသေး တစ်ခုခုကိုသူသတ်ရသွား၏။
ဟ ဒီကောင်အုပ်စိုး ဒါကြောင့်ည၂နာရီကြီးတက်ကြွနေတာ ပြန်လာပါစေဦး တွေ့ဦးမယ်မင်‌းတော့။

"ဟို ခင်က မောင့်ကိုလွမ်းလို့လေ ဒါကြောင့်အုပ်စိုးကိုအကူအညီတောင်းပြီး လာခဲ့ရတာ ဘာလဲ မောင်ကမလာစေချင်တာလား"

"မဟုတ်တာချစ်သဲရာ မောင်ကမလာစေချင်တာမဟုတ်ပဲ ခင် ခရီးပန်းမှာစိုးလ့်ုပါ ပြီးတော့မောင့်မှာက်စ္စလေးတွေမပြီးပြတ်သေးတော့ ခင့်လုံခြုံရေးအတွက်စိတ်ပူမိသွားလို့ပါ"

အချစ်တွေနဲ့ထွေးပွေ့လှည့်ပါ " ခင်" (Complete)Where stories live. Discover now