Chapter 17 (uni)

531 22 0
                                    

ကုန်တိုက်တစ်ခုလုံးကိုပတ်မွှေပြီးမှ စိတ်ကျေနပ်တော်မူတဲ့အဒေါ်ကြီးကြောင့် အုပ်စိုးညနေ6နာရီမှအိမ်ပြန်ရောက်လာ၏။

"ဟော အုပ်စိုး နောက်ကျတယ်ရော"

"ဟုတ်တယ်မမလေး ကျွန်တော်အလုပ်လေးရှိတာနေတာနဲ့"

"ဗိုက်ဆာနေမှာပေါ့ ခင် ထမင်းဟင်းတွေနွေးထားပြီးပြီးနော်ခူးခပ်စားလိုက်သိလား ရှင့်bossအတွက်က ခင်လေးဖယ်ပေးထားပြီးပြီး"

"ဟုတ်မမလေး"

တနေကုန်ပင်ပန်းခဲ့ရသမျှ အိမ်ရောက်မှအတိုးချပြီးစားရတော့သည်။ခြေ‌လက်တွေကိုက်ခဲကာတကိုယ်လုံးညောင်းချိနေပြီး။

"မောင် ပြီးပြီလား"

"အွန်း ခင်"

သက္ကဒီနေ့အိမ်ပြန်ရောက်တာ နည်းနည်းနောက်ကျတာကြောင့်ရေခပ်မြန်မြန်ချိုးလိုက်သည်။ခင်ကတော့အဝတ်တွေထုတ်ပေးကာ ကုတင်ပေါ်ထိုင်နေလေရဲ့။

"လာ ဒီနား"

ခင်ကသူ့ဘေးကနေရာမှာပုပ်ပြတော့သက္ကအသာဝင်ထိုင်လိုက်သည်။မောင့်ရဲ့ရေစိုနေတဲ့ဆံပင်တွေကိုသူအသာလေးသုတ်ပေးလိုက်ပြီးညဝတ်အကျီလေးပါဝတ်ပေးထားလိုက်သည်။

"ပင်ပန်းနေပြီလား ခင်"

"လာနောက်နေတာလားမောင်က"

"မနောက်ပါဘူးအတည်မေးတာလေ"

"ခင်ကဘာလုပ်နေရတာမလို့လဲ အိမ်မှာပဲနေတဲ့ဉစ္စာ"

"ခင်မေမေကိုရောသတိရနေလားဟင်"

"သတိတော့ရတာပေါ့ ဒါပေမဲ့ခင်တို့လည်းမကြာခင်ပြန်ရတော့မှာပဲကိုဟုတ်တယ်မလားမောင်"

"အွန်း ကိုယ်အလုပ်တွေအပြီးဖြတ်တော့မှာ ပြီးရင်မေမေ့ဆီအတူပြန်ကြမယ်"

"ဟုတ် မောင်"

ထိုနေ့ညက ခင်နဲ့သက္က စကားတွေပြောပြီးစနောက်ကျီဆယ်နေရင်းပဲ‌အစောကြီးအိပ်ပျော်သွားကြသည်။

နောက်နေ့မနက်ထတော့ခင်ကအောက်မှာချက်ပြုတ်နေတုန်း သက္ကဖေဖေ့ဆီဖုန်းခေါ်လိုက်၏။

"ဟယ်လို ဒယ်ဒီ"

"အင်း သား"

"နောက်တစ်ပတ် ကျွန်တော်လာခဲ့မယ် မိတ်ဆက်ပေးစရာလူရှိတယ်ဒယ်ဒီ"

အချစ်တွေနဲ့ထွေးပွေ့လှည့်ပါ " ခင်" (Complete)Where stories live. Discover now